Sweet

82 6 0
                                    

Unicode

ချိုမြိန်ခြင်း

"Xiao Cang"

"ဟမ်" Lu Cang စာဖတ်နေရာက​နေအကြည့်လွှဲလိုက်ပီး အလျင်စလိုဝင်လာတဲ့ Jing ကိုကြည့်လိုက်တယ်။

"ငါ့ကိုနမ်းပါ"

"အာ"

Lu Cang ရဲ့အူ​ကြောင်​ကြောင် အမူရာ​လေးကို ကြည့်ပီး Jing တခစ်ခစ်ရယ်ကာ  Lu Cang ​ပေါင်​ပေါ်တက် ထိုင်ပီး လည်တိုင်ကို ဖက်ထားလိုက်တယ်။

Jing နှုတ်ခမ်းဆူကာ" ငါဒီ​နေ့လုပ်ရတဲ့အလုပ်​တွေ အများကြီးပဲ။ တိုင်းတပါးက ကိုယ်စားလှယ်အဖွဲ့​တွေ ​ရောက်လာကြ​တော့ "

ဟုတ်တာ​ပေါ့  Mu Yueလည်းပဲ  ကိုယ်စားလှယ်​တွေအတွက် နန်းတွင်းမှာ​နေရာချပီး အ​စောင့်​​ရှောက် ​နေရာချ​​​ပေး ​နေရ​တော့ အလုပ်များ​နေမှာပဲ။

" ဒါ ကမင်းရဲ့တာဝန်​လေ ။  ငါက ဘာမှ လုပ်​​ပေးလို့မရတာ "

"ဒါပေမယ့် မင်းက ငါးရဲ့စွမ်းအင်အရင်းမြစ်ပဲလေ"

Jing ဒီလိုပြောလိုက်တာက  Lu Cang မျက်ခုံးတွေ  မြင့်တက်သွားတယ်

ဟုတ်တာပေါ့ သူ့ရဲ့ရှိသမျှ  စွမ်းအင်တွေကို  Jing မနေ့ည ကပဲ စုပ်ယူသွားတယ်​​လေ

"ဒါဆို ဘယ်မှာလည်း ငါရဲ့စွမ်းအင်အရင်းအမြစ်က"

Jing က အရှက်မရှိစွာ သူကိုယ်သူညွှန်ပြပြီး ငါ​လေလို့ပြောလိုက်တာက  Lu Cangရဲ့ မျက်ခုံး ​တွေသိသိသာသာ တွန့်ချိုးသွား​တာကို ကြည့်ပီး ကျယ်လောင်စွာရယ်မောလိုက်တယ်

"သွားသေလိုက်တော့မင်းက ငါ့အတွက်​တော့ အန္တရာယ်ကောင်ပဲ"

"အိုင်းယားးးး မင်းကအရမ်း စိတ်တိုလွယ်တာပဲ ငါနည်းနည်းပဲစရသေးတယ် ဒေါသ ကထွက်နေ ပီ။" အဲ့ဒီ​နောက် Jing က  Lu Cang နှုတ်ခမ်းကိုနမ်းလိုက်ပီး ဆွဲဆောင်မှုရှိတဲ့အပြုံးနဲ့

" ငါမင်းကို နမ်းပီးသွားပီ ။  မင်းငါ့ကိုပြန်နမ်း​တော့"

" ငါကဘာလို့"

အရှက် မရှိစွာ မျက်လုံးမှိတ်ကာ သူနမ်းမှာကို ​ Jing စောင့်နေတာ တွေ့ရတဲ့အခါ သူရဲ့ အရှက်မရှိတဲ့ ချစ်သူ​​ကြောင့် သူရဲ့ အင်အား​တွေ  အမြဲတမ်း ဆုံးရှုံးရတယ်

Hua Hua You Long  Short Story. (Uni/Zawgyi)Where stories live. Discover now