Jing and Lu Chang : The Beginning

332 11 1
                                    

Unicode

"Jing , အဝေးကြီးမသွားနဲ့ "
မင်းသား Yong Yi တာ၀န်ကျနေတဲ့ Hangzhou ကို မရမကအတင်းလိုက်လာပြပြီး ခေါင်းမာလှတဲ့ Jing ကို စိုးရိမ်စွာအော်ပြောလိုက်သည် ။

‌တိုင်းပြည်‌ရေးရာများ ဆွေးနွေး နေသည်ကို နားထောင် နေရတာ သိပ်မကြာသေးပေမဲ့ အဲအချိန်ခဏလေးကပဲ Jing ကိုပျင်းရိစေတယ် ။အဲဒါကြောင့်Jing ဟာ တချက်သမ်းဝေလိုက်ပီ့း အပြင်ထွက်လည်ဖို့ ဆုံးဖြတ်လိုက်တယ် ။

အမှန်တကယ်ဆို ဦးရီးတော်ဘေးမှာနေရတာကို Jing ကြိုက်ပေမဲ့ ပျင်းရိစရာကောင်းတဲ့ ဆွေးနွေးမှုတွေ့‌ကြောင့် အခြားတစ်ခုကို ရွေးချယ်လိုက်တယ် ။ သူ့အသက်ရွယ် အရ ထိုကိစ္စတွေကို နားလည်ပြီးသားဖြစ်ပေမဲ့ ထိပ်တိုက်ရင်ဆိုင်ရမယ့်အချိန် မရောက်ခင်အထိ ဒီကိစ္စတွေန့ဲမပတ်သက်ချင်‌သေးဘူး

Jing စံအိမ်ထဲက ထွက်လာပြီးတဲ့နောက် လူစည်းကားတဲ့ လမ်းသွယ်ထဲကို လျှောက်လာခဲ့ တယ် ။ ထိုလမ်းသွယ်ထဲက ပျံကျဈေးသည်တွေရဲ့ သူတို့ကုန်ပစ္စည်းတွေကို ကျယ်‌လောင်စွာအော်ဟစ် ရောင်းချနေတာက Jing ကို‌စိတ်ပျက်စေတာကြောင့် လူသိပ်မစည်ကားတဲ့ လမ်းကြောင်း ကနေ အနောက်ဘက်ရေကန်ဆီ သွားဖို့ ရွေးချယ်လိုက်တယ် ။ Jiangnan မှာတော့ အနောက်ဘက်ရေကန်က အလှဆုံးပဲ ။

ညင်သာစွာယိမ်းနွဲ့နေတံ့ မိုးမခပင်တန်းကိုမြင်တဲ့ အခါ Jing ကစိတ်မရှည်စွာ နဲ့ အမြန်ကျော်လိုက်တယ်။ အဲ့အချိန်မှာပဲ ကောင်လေးတ‌စ်ယောက် သူ့ဆီတည့်တည့် ‌ပြေးလာတာကို မမြင်လိုက်မိဘဲ တိုက်မိပြီး ကောင်လေးက မြေပေါ်လဲကျ သွားတယ်။

ကောင်လေး စိတ်ဆိုးပြီးငိုမယ်လို့ Jing ထင်လိုက်မိပေမယ့် အဲ့အစား ကောင်လေးက လျင်မြန်စွာထလိုက်ပြီး Jing ကိုမာန်ပါပါ တစ်ချက် ကြည့်လိုက်တယ် ။

"မင်းလမ်းသွားရင်ကြည့်သွားသင့်တယ် "

ကောင်လေးကြည့်ရတာ ငါးနှစ်ခြောက်နှစ်၀န်းကျင် သူ့လေသံ သူကပဲJingထက်ကြီးသလို ပြောဆိုဆက်ဆံနေတယ်

"သေလိုက်ပါလား။ မင်းသာ ပြေးလာပြီးမမြင်ဘဲငါ့ကို၀င်တိုက်မိတာလေ "

Hua Hua You Long  Short Story. (Uni/Zawgyi)Where stories live. Discover now