"ပြော...ဘာသတင်းရသေးလဲ"
ရုတ်တရက်မီ့ကိုဖုန်းဆက်ခေါ်သောမြတ်နိူးကို အအေးတစ်ခွက်ဖြင့်
မေးလိုက်သည်။"မဆောင်းရဲ့အမျိုးသားဆုံးသွားတာသိတယ်မဟုတ်လား
နေပြည်တော်ကနေရန်ကုန်ပြန်တဲ့လမ်းပေါ်မှာမတော်တဆဖြစ်တာလေ""အင်းလေ...သူရောသူ့မိဘတွေပါ..ပွဲချင်းပြီးဆုံးသွားကြတယ်ဆို"
"ဟုတ်တယ်...ထူးဆန်းတာတစ်ခုတော့ရှိတယ်...အဲ့တုန်းကသူနဲ့ပါသွားတဲ့ကိုအောင်ကျော်ဆိုတာရှိတယ်...အဲ့ဒီကိုအောင်ကျော်ကမသေဘူးလေ
ဒဏ်ရာနည်းနည်းပဲရပြီးလွတ်သွားတာ...ထပ်ပြီးထူးဆန်းတာက..မတော် တဆ ဖြစ်တဲ့လူနဲ့သူကပဲညှိပေးပြီးအမှုကပြီးသွားတာ...""အဲ့ဒီလူကရော..အခုဘယ်မှာလဲ"
"မဆောင်းအနားမှာ..တဝဲလည်လည်နဲ့...မြတ်နိုးထင်တာတော့......."
"မဆောင်းကိုလိုချင်လို့...သူ့ယောက်ျားကိုလုပ်ကြံလိုက်တာပဲ"
"ဟုတ်တယ်..."
"ဒါနဲ့မြတ်နိုးကဒါတွေကိုဘယ်လိုသိတာလဲ"
"ဟိုတစ်နေ့ကမဆောင်းနောက်ကိုလိုက်နေတာမြတ်နိုးတစ်ယောက်ပဲ
မဟုတ်ဘူးလေ...အဲ့လူကိုပါတွေ့ခဲ့တော့..ပတ်ဝန်းကျင်ကိုတီးခေါက်ကြည့်လိုက်တာ..ထွက်လာတာပဲ....ပြီးတော့ အဲ့ဒီလူကမိန်းမ မရှိဘူး
မရှိဘူးဆိုတာထက် အတည်တကျမရှိဘူးလို့ ပြောရမှာပေါ့""ဒီလူပွေကတော့..."
"ဒီမှာ..."
မြတ်နိုးကစာရွက်ပိုင်းလေးတစ်ခုကိုထုတ်ပြသည်။
"ဘာလဲ"
"မဆောင်းရဲ့အိမ်လိပ်စာ"
"သြော်....."
မိစုအတွက်မုန့်ဝယ်ပေးပြီးစာရွက်ကလေးထဲကလိပ်စာအတိုင်းကားမောင်းထွက်ခဲ့သည်။
မြေညီထပ်မို့အဆင်ပြေသည်။
သူမနေသည့်တိုက်ခန်းရှေ့တွင်ကားရပ်စရာနေရာလေးလည်းရှိသည်။
ကောင်းသား....။"မဟုတ်ဘူးနော်...ကိုအောင်ကျော်..ရှင်မှားနေပြီ"
မျက်စိရှေ့တွင်တွေ့လိုက်ရသည်ကရင်နာစရာ။
YOU ARE READING
The one pale and delicate(Unicode Version)
Randomအမှတ်တရအလုံးစုံဟာနာကျင်စရာသက်သက်တော့မဖြစ်ခဲ့ဘူး..မ'ရဲ့ ဒါကြောင့်အချိန်တွေဘယ်လောက်ကြာကြာအချစ်ဦးကိုသတိရမိတာပေါ့ အချစ်ဦးနဲ့ပေါင်းဖက်ရတာဆိုရင်ရော...ဘယ်လောက်တောင်ကံကောင်းလိုက်သလဲ မပေါင်းနိုင်မှန်းသိလို့စွန့်လွှတ်ခဲ့တာဆိုရင်တော့..ကံဆိုးမှုသက်သက်ပဲမဟုတ်လား...