Part 30

1.5K 99 4
                                    

"oh!  shit!!!!  Fuck the couples"

ရှုပ်ပွနေသောဧည့်ခန်းကိုကြည့်ရင်း သူငယ်ချင်းအရင်းအချာကိုလည်း
ဆဲမိသည်။
မီ့အိမ်လေးကအမြဲသန့်ရှင်းနေခဲ့သည်မဟုတ်ပါလား။
ခုက..ဆိုဖာပေါ်တွင်လည်းပုလင်းများ....
မသိမ်းရသေးသောအသုပ်ပန်းကန်နှင့် မပစ်ရသေးသောအမှိုက်တစ်ထုပ်..။

အခန်းရှေ့တွင်ပုံနေသော အင်္ကျီနှစ်ထည်....
မတတ်နိုင်....။
တံခါးဖွင့်ကြည့်တော့ အခန်းထဲတွင်လည်း ပြန့်ကျဲနေသောဘောင်းဘီ
နှစ်ထည်နှင့် အတွင်းပစ္စည်းတစ်ချို့.......?
shitttt...သည်အတွဲကတော့တကယ်မလွယ်။😰

စောင်ပုံထဲတွင်တော့ နှစ်ယောက်လုံးရှိနေမည်ထင်၏။

အခန်းတံခါးကိုအသာပိတ်ပြီး ပျားရည်အချို့ကိုရေနွေးနှင့်ဖျော်ကာ
ပေါင်မုန့်မီးကင်လုပ်ထားခဲ့ပြီးနောက် အိမ်မှပြန်ထွက်ခဲ့သည်။

.................

"ဒါဆို....နင်မနေ့ညကဘယ်မှာအိပ်ခဲ့တာလဲ"

"ကိုကို့အိမ်ဘုရားခန်းထဲမှာ"

"ဟယ်...တကယ်လား..ငါ့ဆီလာအိပ်တာမဟုတ်ဘူး"

"မဟုတ်တာ..အားနာစရာကြီး"

"အားနာစရာလား...ငါတို့ချင်းပဲကို"

လီလီကပြောပြီးကော်ဖီကိုတစ်ငုံသောက်လိုက်သည်။

' Today is weekend day  ' ဟုဆိုကာ မီ့ကိုခေါ်လိုက်သော
လီလီ့ကိုမနက်စာအဖြစ်ကော်ဖီအရင်တိုက်ရသည်။
ဒီနေ့တစ်နေလုံးလည်းအပြင်မှာပဲနေရမည်ထင်သည်။

"စိန်ဂေဟာ...ပြီးရင်လှည်းတန်းသွားမယ်..မာလာရှမ်းကောစားမယ်
ဝက်သားတုတ်ထိုးစားမယ်..ပြီးရင် Time city..ပြီးရင် junction square...."

"မြို့ပတ်ရထားစီးပြီးသွားမှပဲရမယ်"

လီလီကရယ်၏။

"ဘယ်လိုပဲသွားရသွားရနင်နဲ့တူတူသွားမယ်"

"လီလီ"

"နင့်ကောင်မလေးလုပ်မယ်....တွဲကြရအောင်လို့"

"လီလီ...ငါလေ..တစ်စုံတစ်ယောက်ကိုထပ်ပြီး သံယောဇဉ်မဖြစ်ချင်တော့ဘူး နင်နားလည်လား ငါလေ အသက်ဆက်ရှင်ရမယ့်နေ့တွေကို မိဘတွေနဲ့အေးအေးဆေးဆေးပဲ နေချင်တော့တယ် တစ်စုံတစ်ယောက်ကိုချစ်ရတာပူလောင်တယ် ငါမချစ်ချင်တော့သလို သံယောဇဉ်တွေလည်းဆက်ပြီး
နှောင်ဖွဲ့မနေချင်တော့ဘူး တစ်ဘဝလုံးလောင်ခဲ့သမျှ ခုတော့
အေးချမ်းချင်ပြီ"

The one pale and delicate(Unicode Version)Where stories live. Discover now