Part 19

1.7K 130 2
                                    

စားချင်တာတစ်ချို့ဝယ်ရန် City Mart ထဲဝင်လိုက်သည်နှင့်
ဆုလာဘ်ကိုတွေ့လိုက်ရသည်။

သူသည်လည်းဆောင်း၏ကလေးတစ်ယောက်ဖြစ်၍ တွေ့လိုက်ရသည်က
ဝမ်းသာစရာကောင်းသော်လည်း သူ့ကိုတွေ့သည်နှင့်မီ့ကိုသတိရမိတော့
ပြည့်ပြည့်ဝဝ ဝမ်းမသာနိုင်။

"မမဆောင်း ဘာလာဝယ်တာလဲ"

"သြော်...စားချင်တာတစ်ချို့ပါ ဆုလာဘ်ကရော.."

"မီ့အတွက်...သြော်..အိမ်အတွက်ဟင်းချက်စရာပေါ့"
ဆုလာဘ်ကလေးကပြုံးပြရှာသည်။
သူ့အပြုံးလည်းဆောင်းလိုအသက်မဝင်တော့။

ဈေးဝယ်ပြီးနောက်လှည့်ကြည့်မိတော့ဆုလာဘ်ကဖုန်းပြောနေသည်။
ရှေ့ကိုတစ်လှမ်း....နှစ်လှမ်းပြီးတော့..မီ့သတင်းကိုကြားချင်မိပြန်သည်။

"မမဆောင်း....ခဏလေးနေပါဦး"
အမောတကောလိုက်လာသောဆုလာဘ်ကိုကြည့်ရင်းဆောင်းစိတ်ထဲ
မျှော်လင့်ချက်ကလေးအရောင်သမ်းလာသည်။
မီ့အကြောင်း....မီ့အကြောင်းလား။

"မမဆောင်းအချိန်ရရင်...စုစုညနေစာဝယ်ကျွေးမယ်လေ"

"သြော်....ရပါတယ်မဆောင်းအားတယ်..ဘယ်ဆိုင်သွားကြမလဲ"

"မဆောင်း ကားပါလား"

"ဟင့်အင်း"

"ဒါဆိုစုစုနဲ့လိုက်ခဲ့လေ"

ဒါဆိုမီ့ကားပင်ဖြစ်မည်။
လူကိုမတွေ့ရရင်တောင် အငွေ့အသက်ကလေးခံစားရလျှင်
အဆင်ပြေသည်။
အငြင်းခံထားရတာတောင် အမှတ်သည်းခြေမရှိပဲ သတိရနေမိသည်က
ချစ်ခြင်းမေတ္တာလား။

"အင်း"

စုစုခေါ်သွားသောစားသောက်ဆိုင်ကလေးက အတော်ပင်ဆိတ်ငြိမ်သည်။
VIP ခန်းရှိသည်မို့ ထိုအခန်းယူလိုက်သည်။
အစားအစာမှာတော့ စုစုက တစ်ယောက်စာပိုမှာသည်။

"ဘယ်သူလာဦးမှာလဲ စုစု"

"မီ့ကိုခေါ်ထားတယ်"
ဝမ်းသာရမလား။ မျက်နှာဘယ်လိုပြရပါ့မလဲ။

"မဆောင်းအဆင်မပြေရင်မီ့ကိုမခေါ်တော့ဘူးလေ"

"မဟုတ်ပါဘူး..ရပါတယ်"

မီနှင့်နောက်ဆုံးတွေ့ရသည့်ရက်က စုစုကပင်လိုက်ပို့ပေးခဲ့သည်မ
ဟုတ်ပါလော။ ဆောင်းစိတ်ဓာတ်ကျနေသည်ကိုလည်း သူအသိ။
နှစ်ယောက်အဆင်မပြေခဲ့မှန်းကိုလည်းသူအသိ။
ဒါဆိုဘာကြောင့်များသည်လိုချိန်းလိုက်ပါလိမ့်။

The one pale and delicate(Unicode Version)Where stories live. Discover now