"နားလည်ပါပြီ။"
ထို့နောက်ကစားသမားများသည် လက်ဆန့်ပြီး
လက်ချင်းထပ်ကာတက်တက်ကြွကြွအော်ဟစ်
လာသည်။

လီယန်က သူ့ကိုကြည့်၏။
"ကျန်ချန်,ဒုတိယပိုင်းပွဲစဉ်မှာသုံးမှတ်တန်
ဘောလုံးပစ်ဖို့ အခွင့်ရေး သိပ်ရမှာမဟုတ်
ဘူး။သူတို့က မင်းကိုမျက်စိဒေါက်ထောက်
ကြည့်နေမှာ။အဲ့ဒါကြောင့် ကုဖေး အတွက်
အခွင့်အရေးရှာပေးသင့်တယ်။"

ကျန်ချန် ခေါင်းညိတ်လိုက်သည်။
"အင်း။"

"ကျားယုံ!။"
လီယန်ကကင်မရာအားမြှောက်ပြီး သူ့ကို
ဓာတ်ပုံရိုက်လာသည်။

ကျန်ချန် သူ့ကိုကြည့်ပြီးသက်​ပြင်းချလိုက်၏။

"အရမ်းကြည့်ကောင်းတယ်။"
လီယန်က ကင်မရာကို ဖယ်လိုက်သည်။
"မင်းတို့အသင်းခေါင်းဆောင်ရဲ့ဓာတ်ပုံကို
ရိုက်တာ ငါ့အတွက် တကယ် ခက်ခဲတယ်။
အဲ့ဒီကိုယ်နေဟန်ထား....."

ကျန်ချန်သည်ခါးတွင်လက်တစ်ဖက်ထောက်
ပြီးရေမော့သောက်နေသည့်ဝမ်ရွှီကိုကြည့်ပြီး
ရယ်လိုက်၏။

ဒုတိယပိုင်းပွဲစဉ်စတင်သည်နှင့်ကစားသမား
များသည် ကွင်းထဲသို့ အော်ဟစ်ပြေးလွှားပြီး
ဝင်လာသည်။ကွင်းထဲမှာရှိသည့်ကစားသမား
များစိတ်လှုပ်ရှားနေရုံသာမကကွင်းပြင်ဘက်
မှပရိတ်သတ်များကလည်းအော်ဟစ်အားပေး
လျှက်ရှိသည်။မြေကြီးပေါ်တွင်ကန့်သတ်မျဉ်း
မဆွဲထားလျှင် ၊သို့မဟုတ် စည်းကြပ်ဒိုင်သည်
သူတို့ဘေးမှာရပ်မနေလျှင်ဘေးစည်းအပြင်မှ
အော်ဟစ်အားပေးသည့်မိန်းကလေးများကွင်း
ထဲသို့အပြေးဝင်လာနိုင်၏။

ကစားပွဲသည်နာရီဝက်ကျန်သေးပေမယ့်
ကျန်ချန်မောဟိုက်လာ၏သူတို့အရင်ပြိုင်
ပွဲများနှင့် မတူညီသည့်အချက်မှာရုပ်ပိုင်း
ဆိုင်ရာခွန်အား အလွန်အကျွံသုံးစွဲရခြင်း
ပင်။ အဘယ်ကြောင့်ဆိုသော်ဝမ်ရွှီ နှင့်တစ်ခြားအသင်းဖော်များနှင့် ဆန့်ကျင်စွာသူနှင့်ကုဖေး
သည်နှစ်သင်းကြားရှိအရည်အချင်းကွာဟမှုကို အစွမ်းကုန် ဖာထေးပေးနေရသည်။

ကုဖေးရဲ့ဆက်တိုက်လှုပ်ရှားမှုများကိုကျန်ချန်
ကာပေးနေရင်း နဖူးထက်မှ ချွေးများမျက်စိထဲ
သို့စီးကျလာကြောင်းခံစားမိ၏၊လက်ပတ်ပတ်
သည့်အကျင့်မရှိတာကြောင့်ကျန်ချန်သည်နဖူး
မှချွေးများကိုအင်္ကျီလက်ဖြင့်သုတ်လိုက်၏။

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now