အဲ့ကောင်လေးပါးစပ်ကနေ တရစပ်ပြောနေတယ်။ ပြီးလည်းပြီးရော ပြောင်းဖူးဖက်တွေခွာ အမှိုက်ပုံးထဲထည့်၊ ပြောင်းဖူးစေ့တွေကို တစ်စေ့ချင်း ဖြုတ်စားနေတယ်။ ကျွန်တော်ပြောစရာစကားတွေ ပျောက်ဆုံးသွားတယ်။ သူများလွှင့်ပစ်ထားတာကြီး။ အောက်ကျနေပြီးသားကြီးဆိုလည်း ဟုတ်တယ်။ အဲ့ဒါကြီးကို စားနေတာကြီးက နည်းနည်းနောနော ငတ်တာမဟုတ်တော့ဘူး။

အဲ့ကောင်လေးကပြောင်ဖူးကို လမ်းလျှောက်စားလိုက်၊ ထိုင်စားလိုက်၊ လက်ကနာရီကိုကြည့်လိုက်၊ သက်ပြင်းချလိုက်နဲ့ နှစ်ဖူးလုံးပြောင်သွားတယ်။ သူ့ကိုလာကြိုမယ့်လူက ကိုဇော်ဇော်လိုပဲ နောက်ကျနေတာထင်တယ်။ ခုထိမလာသေးဘူး။

နည်းနည်းကြာတော့ အဲ့ကောင်လေးရှေ့ကို ကားတစ်စီးထိုးရပ်လာတယ်။ ကားထဲကနေ "ထူးအောင်ရေ ဦးလေးနောက်ကျသွားတာ တောင်းပန်တယ်ကွာ ခရီးသည်ပို့နေရလို့"တဲ့ အော်ပြောတယ်။ ထူးအောင်တဲ့လား နာမည်က။ နာမည်နဲ့လိုက်အောင် အတော်ကိုလည်း ထူးပါပေတယ်။

ကိုဇော်ဇော်က မျက်စိပျက်၊ မျက်နှာပျက်နဲ့ ရောက်လာတယ်။ မဝံ့မရဲနဲ့ ကျွန်တော့်တစ်ကိုယ်လုံးကို ကြည့်တယ်။ "ဘာမှမလုပ်ပါဘူးဗျာ" ကျွန်တော်ပြန်ပြောလိုက်တော့ ကိုဇော်ဇော်က သက်ပြင်းချတယ်။ ရင်ထဲက အလုံးကြီးပေါ့သွားတဲ့သဘော။ "လမ်းမှာကားပျက်နေလို့ ပြင်နေရတာ။ တော်ပါသေးတယ်။ ငါတော့အလုပ်ပြုတ်တော့မယ်ထင်နေခဲ့တာ"တဲ့ ကိုဇော်ဇော်ကပြောတယ်။

နောက်နေ့ကျောင်းလာကြိုရင် ဂျေဒိုးနပ်ဝင်ဝယ်ခဲ့ဖို့ ကျွန်တော် ကိုဇော်ဇော်ကိုမှာလိုက်တယ်။ စောစောလာခဲ့ဖို့ပါ တစ်ခါတည်းပြောလိုက်တယ်။ ကိုဇော်ဇော်က စိတ်ချရတယ် ကျောင်းဆင်းလို့ ကျွန်တော်အပြင်ထွက်တော့ ရောက်နေခဲ့ပြီ။ ကိုဇော်ဇော်ဝယ်လာတဲ့ ဂျေဒိုးနပ်ကို မနေ့က ထူးအောင်ရပ်ခဲ့တဲ့နေရာမှာ သွားချထားလိုက်ပြီး ကားပေါ်ကနေ ကျွန်တော်စောင့်ကြည့်နေလိုက်တယ်။

​ေကျာင်းသူ၊ကျောင်းသားတွေ တဖြည်းဖြည်းရှင်းသွားတယ်။ နောက်ဆုံးတော့ ထူးအောင်တစ်ယောက်ပဲကျန်တော့တယ်။ ထူးအောင်က ကျွန်တော်ချထားတဲ့ ဂျေဒိုးနပ်ဘူးကိုမြင်သွားတော့ ကောက်လိုက်တယ်။ အမှိုက်ပုံးဘက်ကိုသွားတယ်။ အမှိုက်ပုံးထဲ ထည့်တော့မယ်ထင်တယ်။ အမှိုက်ပုံးအနားရောက်တော့ ဘူးကိုလှုပ်ကြည့်နေတယ်။ အသံမြည်သွားလို့ထင်ပါတယ် ဖွင့်ကြည့်တယ်။ အထဲကမုန့်တွေမြင်တော့ သူမျက်လုံးပြူးသွားတယ်။ ပြီးတော့ မျက်မှောက်ကုတ်တယ်။ ဘာတွေစဉ်းစားနေလဲမသိ။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now