မောင်ထူးက ကျွန်တော်နဲ့ရှိနေရင် သူ့ကိုယ်သူထိခိုက်အောင် ဘာမှမလုပ်ဘူးဆိုပေမယ့် ကျွန်တော့်ကို စိတ်မချလို့ထင်ပါတယ် ကိုဇော်ဇော်ပါ ကျွန်တော်တို့နဲ့လိုက်လာတယ်။ ကားပေါ်မှာ နှစ်ယောက်တစ်တွဲထိုင်ရတာမို့ ကျွန်တော်နဲ့မောင်ထူးက အတူတူထိုင်ပြီး ကိုဇော်ဇော်ကတော့ ဟိုဘက်ခုံမှာ။ ကျွန်တော်တို့ကို လှမ်းလှမ်းပြီး အကဲခတ်နေတယ်။ တကယ်ကတော့ မောင်ထူးကိုလှမ်းကြည့်တာနေမှာပါ။ မောင်ထူးကမှန်ဘက်မှာမို့ ကျွန်တော်နဲ့ကွယ်နေတာ။

ကျွန်တော်က ကားစီးရင်ဘယ်တော့မှ မှန်ဘက်မှာမထိုင်ဘူး။ အခုလိုညဘက် ကားစီးရမယ်ဆို ပိုစိုးတာပေါ့။ မတော်လို့ အပြင်ဘက်ကနေ စိမ်းစိမ်းကြီး ကျွန်တော့်ကိုစိုက်ကြည့်နေရင် ဘယ်လိုလုပ်မလဲ။ တစ်ယောက်ယောက်က အပြင်ကနေ ကားမှန်ကို ခဲနဲ့ထုလိုက်ရင်ရော။ မှန်ကွဲပြီး ကျွန်တော့်ကိုလာထိနေရင်ဒုက္ခ။  အဲ့ဒါကြောင့် ဘယ်တော့မှ မှန်ဘက်မှာမထိုင်ဘူး။ မောင်ထူးပါလာတာကောင်းတယ်။ မောင်ထူးက သရဲလည်းမကြောက်သလို ခဲမှန်မှာလည်းမကြောက်ဘူးလေ။ ပျော်တောင်ပျော်နေဦးမှာ။

မောင်ထူးကိုကြည့်လိုက်တော့ အိပ်နေတုန်းပဲ။ နားကြပ်ကြီးကလည်း တန်းလန်းနဲ့။ ဘာတွေများ နားထောင်ပြီး အိပ်နေတာလဲဆိုပြီး မောင်ထူးနားကြပ်ကိုယူပြီး ကျွန်တော် နားထောင်ကြည့်လိုက်တယ်။

"မနက်ခင်းလေးအိပ်ရာနိုးရင်...
နင့်အပြုံးလေးနဲ့အတူနိုးချင်...
အလှဆုံးသောမင်းကို ငေးကြည့်ရင်း...
နင်ပြင်ပေးတဲ့မနက်စာလေးနဲ့ ငါ့တစ်နေ့တာများကိုအစပြုချင်..."

ဘန်နီဖြိုးရဲ့ ချစ်သူအနားဆိုတဲ့သီးချင်းကို နားထောင်နေတာပဲ။ စိတ်ကူးယဉ်ဆန်လိုက်တာ။ ကျွန်တော် သူ့နားကြပ်ကိုဖြုတ်ပြီး သီချင်းကိုပိတ်ပေးလိုက်တယ်။ တစ်ညလုံးနားထောင်နေရင် နားတွေထိခိုက်ကုန်မှာမို့...

မောင်ထူးနဲ့အတူတူ ရွာပြန်ရတော့ ဟိုသီချင်းကိုတောင် သွားသတိရမိတယ်။ ဘာတဲ့။

"မောင့်လက်ကိုတွဲ.... မောင်နဲ့မခွဲ... စိတ်ချပါအမြဲ... မောင်နဲ့မခွဲ... ဆွေပြမျိုးပြ မျက်နှာပန်းလှလှ သွားကြမယ်... သွားကြမယ် မောင်တို့နှစ်ယောက်တည်း"

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now