သူ အလွန် ဝေခွဲမရဖြစ်မိသည်။ ပြောရလျှင် အတွင်းစိတ် ဆိုင်ရာ အကြပ်ရိုက်ရခြင်း။ တစ်ဖက်တွင် သူ၏ နတ်သမီးလေး မုန့်ယောင်နောက်မှ အခန်းထဲသို့လိုက်ပြီး တောင်းပန်ချင်သည်။ တစ်ဖက်တွင် ယွိမြောင်က သူ၏ သူငယ်ချင်း မဟုတ်ပါလား။ ယွိမြောင်၏ ခံစားချက်ကို ခန့်မှန်းရန်ခက်လှသည်။ အတန်းချိန်စတော့မည်ဖြစ်သော်လည်း အတန်းရှိရာမသွားဘဲ သန့်စင်ခန်းဆီသွားသည့် ကောင်လေးကို စီကျွင်းစိတ်ပူပါ၏။
"ယား..."
စီကျွင်း ခေါင်းကိုအုပ်ကိုင်ပြီးအော်ပစ်လိုက်သည်။ အရူးလားဟု ဝိုင်းကြည့်ကြသည့်
အနီးနားရှိ ကျောင်းသားများ၏ အာရုံစိုက်မှုကို ရရှိလိုက်သည်။
"ကောင်းပြီ"
စီကျွင်း စိတ်ကိုပြင်ကာ ယွိမြောင်သွားသည့်သန့်စင်ခန်းသို့ လိုက်သွားတော့သည်။
စီကျွင်းဝင်သွားချိန်တွင် ယွိမြောင်က ဘေစင်၌ လက်ဆေးနေ၏။ စီကျွင်းက သူ့ကို သတိထား၍ကြည့်သည်။ သူ၏မျက်နှာက ဗလာဖြစ်နေကာ လုံးဝဖတ်မရ။
စီကျွင်း: " မင်း အဆင်ပြေရဲ့လား?"
ယွိမြောင်က လက်ကိုမကာ စီကျွင်းကိုမော့ကြည့်သည်။
"အဲဒီမိန်းမ နဲ့ နီးနီးရပ်ရတာ ငါ့ကိုယ်ငါ ညစ်ပတ်သွားတယ် ခံစားရလို့...ငါ လက်ဆေးဖို့ လိုတယ်လေ"
"အိုး.."
ယွိမြောင်က ပေါ့ပေါ့ပါးပါးရယ်လိုက်သည်။
"ဘာလဲ...မင်းက ငါဒီမှာ ငိုနေတယ် ထင်လို့လား...နုံချာလိုက်တာ"
စီကျွင်းက တစ်ခုခုပြန်ပြောရန် ပါးစပ်ဟလိုက်ပြီး ထို့နောက်မပြောတော့ဘဲ ခေါင်းငုံ့သွားသည်။ သူအလကားသက်သက် စိတ်ပူနေတာပဲ...ယွိမြောင်က ဘာဖြစ်မှာလဲ....။
ယွိမြောင် သက်ပြင်းတစ်ချက်ချပြီး စီကျွင်းကိုပွတ်ကာသီကာဖြတ်သွားသည်။
"အကန်ခံရတဲ့ခွေးလေးလို အဲဒီမှာဘာလုပ်နေတာလဲ...အခုမသွားရင် နောက်ကျတော့မယ်"
စီကျွင်း ခေါင်းငြိမ့်၍ ယွိမြောင်နောက်မှ အတန်းဆီသို့ လိုက်ခဲ့သည်။ စိတ်ဖိစီးမှုကို လုံးဝမေ့သွားတော့၏။
ESTÁS LEYENDO
ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့
Novela JuvenilI never knew the World was this Bright original author - Lights-kingdom (Translated by authors' permission.) ------------- Prologue(Unicode) အန်းလျန်အနေနဲ့ Red Dragon Quest ကို စတင်ဆော့စဉ်အခါက online ကနေတဆင့် သူငယ်ချင်းတွေလုပ်ရမယ်လို့ တစ်ရံဆစ်မျှ မတ...
Xi Jun x Yu Ming - Part I
Comenzar desde el principio
