Xi Jun x Yu Ming - Part I

Start from the beginning
                                        

ယွိမြောင်က သူ၏ အကြည့်ကို မုန့်ယောင်ထံမှ စီကျွင်းဆီသို့ရွှေ့လိုက်သည်။

ယွိမြောင်ပေးသည့် အကြည့်က အေးစက်လှသဖြင့် သူ၏ ကျောရိုးမှပင် စိမ့်၍တက်လာသည်ဟု စီကျွင်းခံစားလိုက်ရ၏။

ယွိမြောင်က မုန့်ယောင်ကို တုန့်ပြန်၍ ဒေါနှင့်မောနှင့်ပြန်ဆဲသည်။

"ကြိုက်သလိုသာလုပ်...နင်တို့လို သူဌေးသား/သမီးတွေက ဘယ် ရာဇဝတ်မှုလုပ်လုပ် လွတ်တယ်ထင်နေရင်... လုပ်ကြည့်လေ အပျက်မ"

ယွိမြောင်၏ ထက်လှသည့်လျှာစောင်းတွင် စီကျွင်းမျက်လုံး နည်းနည်းပြူးသွားသည်။

'မကောင်းတော့ဘူး...ဒီလိုဆို နှစ်ယောက်လုံးအတွက် အဆုံးသတ်ကောင်းမှာမဟုတ်ဘူး'

"ဟား..ဟား....ယွိမြောင် အဲလိုမနောက်ရဘူးလေ...လာ တို့.. သွား...."

စီကျွင်း၏ စကားလုံးတိုင်းတွင် တစ်ခုထက်နောက်တစ်ခုတွင် ယုံကြည်ချက်ပို၍ နည်းနည်းလာရသည်။

သူက
စိမ်းသက်သည့်လေထုကို ဖယ်ရှားရန်ကြိုးစားသည့်အနေနှင့် ထိုနှစ်ဦး၏အလယ်သို့ လျှောက်ဝင်လိုက်ပြီး ယွိမြောင်၏ ပုခုံးကို ရင်းနှီးသည့်သင်္ကေတသဖွယ် သိုင်းဖက်လိုက်သည်။ သို့သော်လည်း ထိုစကားများကို ပြောပြီးပြီးချင်း သူ၏ဆုံးဖြတ်ချက်အတွက် နောင်တကြီးကြီးရသလိုခံစားရသည်။


ယွိမြောင်သည် သူ၏ခေါင်းကို ဒေါသဖြင့်တစ်ဖက်သို့လှည့်ကာ အံ့အားသင့်ဖွယ်အင်အားဖြင့် သူ၏ပုခုံးတွင်သိုင်းဖက်ထားသောလက်ကို ပုတ်ချလိုက်သည်။

လှည့်၍ ထွက်မသွားခင် နောက်ဆုံးသောစကားတစ်ခွန်းကို ပြောသွား၏။

"ဒီခွေးမကို ဖျက်ဆီးဖို့ ငါ့လက်တစ်ချောင်းတောင်လှုပ်စရာမလိုဘူး...သူမ ဘာသာ လုပ်ချင်ရာလုပ်ပစေ"

အကယ်၍ ဆံပင်ရှည်ရှိသူဆိုပါက
ဆံပင်ပါသပ်တင်လျက် ထွက်သွား
မည်ထင်သည်။

စီကျွင်း ကိုးရိုးကားယားဖြင့် လက်နှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး နှစ်ဖက်စလုံးမှ ဝေးရာသို့ ထွက်ခဲ့တော့သည်။

ကမ္ဘာကြီး ဤလောက်တောက်ပမှန်း ဘယ်တုန်းကမျှမသိခဲ့Where stories live. Discover now