လှပလွန်းတဲ့ ကျောက်စိမ်းဗျပ်စောင်းလေး...

ထိုဗျပ်စောင်းလေးကို Som တီးကာ Mဟာ နားဆင်တယ်...

ပြီးသွားတော့ Mဟာ Som ရဲ့ ဦးခေါင်းထက်ကို ပါဝါနီလေးနဲ့ အုပ်ကာ အိမ်ပြင်ထွက်ပြီး နှစ်ဦးသဘောတူ
လက်ထပ်ကြတယ်..

မိုးနဲ မြေကို ကန်တော့ပါတယ်..မိဘများကို ကန်တောပါတယ်..လင်မယားချင်းကန်တော့ပါတယ်....

ထိုအစဉ်အလာအတိုင်း သူတို့နှစ်ဦးတည်းသာ ပါတဲ့ ရိုးရှင်းတဲ့
လက်ထပ်ပွဲလေး...ပြီးနောက် မင်္ဂလာဦးခန်းကို သတိုးသား
ပို့ဆောင်တယ်...

အနီရောင်များနဲ့ တောက်ပနေသည့် ထိုမင်္ဂလာကုတင်ထက်တွင်
အနီရောင်လေးနဲ့ လှနေသည့် Som
ဘေးတစ်ဖက်မှာ လွတ်ထွက်သွားမှာဆိုလို့ မြဲမြံစွာ ဖက်ထားတဲ့ M

Mဖြည်းဖြည်းချင်း Somရဲ ပါဝါစအနီလေးကို ဖယ်ရှားပေးလိုက်တယ်..

ထိုပါဝါစအနီလေးအောက်မှ Som လှချင်တိုင်းလှနေသည်
ထို့နောက် Somဟာ ငုတ်ထားသော် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာတယ်..

"ဒီနေ့ကစပြီး မင်းဟာ ငါ့နဲ့ သက်ဆိုင်တဲ့ သူဖြစ်သွားပြီး"

မင်သားM က သူစိတ်ထဲရှိတာ လုပ်ခဲ့ပေမယ့်လဲ ထိုအချင်းအရာကို Somပါ စိတ်ကျေနပ်သည်..

"ဒါကြောင့် မင်းက ငါ့နဲ့ ဝေးဝေးမှာရှိသည်ဖြစ်စေ နီးနီးမှာ
ရှိသည်ဖြစ်စေ အသက်သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ
ငါ့ဟာ မင်းရဲ ခင်ပွန်းပဲ..."

ထိုစကားက Somရဲ့ နှလုံးသားကို လှုပ်ခတ်စေသလို မျက်ဝန်းအိမ်မှ မျက်ရည်များလဲ ကျဆင်းလာရသည်..

Mမျက်ရည်များကို ညင်သာစွာ သုတ်ပေးရင်း..

"မင်းက ငါရဲ့ ပထမဆုံးနဲ နောက်ဆုံး ချစ်ရသူပဲ...ပြီးတော့
ငါ့က မင်းရဲ ပထမဆုံးနဲ နောက်ဆုံးခင်ပွန်းပဲ..."

Som ဘာမှပြန်ပြော.. ခေါင်းလေးသာ ငြိမ့်ရင်း ပြုံးပြနေသည်။

ထိုအခြေအနေမျိုးကို မမျော်မှန်းထားသော်လည်း ဒီအခြေအနေနဲ့ ရောင်ရဲနိုင်သည်...

ထိုနောက် Mက Somရဲ နှူတ်ခါးပါးလေးကို လက်ကလေး
နဲ အသားလေးကိုင်ကာ နှုတ်ခမ်းချင်းထိကပ်လိုက်သည်...
mရဲ့လက်များဟာ Somရဲ့ လည်တိုင်ကာ ထိန်းထားပြီး
Somကလဲ ထိုအနမ်းများကို တုန့်ပြန်နေသည်

အရှင့်အလိုတော်အတိုင်း  (Complete)Where stories live. Discover now