ကျွန်​တော် အခန်းတံခါးကို ဖွင့်ပေမယ့် အခန်းတံခါးကပွင့်မသွား။ အပြင်ကနေ သော့ခတ်ထားတာ ထင်တယ်။ မောင်ထူးက ကျွန်တော့်ကို လိုက်ကြည့်ပြီး ဘာဖြစ်လို့လဲတဲ့ မေးတယ်။

"တံခါးကဖွင့်မရဘူး"

"အင်း... (7)နာရီထိုးမှ လာဖွင့်ပေးမှာ"

"ဟမ်!! ဘာဖြစ်လိုတုန်း"

"စိတ်မချလို့"

"......."

မောင်ထူးက ဘာကြီးလဲ?

"မင်းတို့အိမ်က ဖော့တွေနဲ့ဆောက်ထားတာလား... မင်းအခန်းတစ်ခန်းလုံးက ဖော့တွေချည်းပဲ... ရေချိုးခန်းမှာရော..."

သိချင်နေတာမို့ ကျွန်တော်ထပ်မေးလိုက်တယ်။

"မဟုတ်ပါဘူး... ငါ့အခန်းတစ်ခန်းထဲတင် ဖော့တွေခံထားတာ ကျန်တဲ့အခန်းတွေက ဒီအတိုင်းပဲ"

"မင်းအခန်းက ဘာဖြစ်လို့လဲ"

ကျွန်တော်မေးလိုက်တယ်။ သိလည်းသိချင်နေပြီ။ မောင်ထူးက ဘယ်လိုလူမျိုးလဲလို့...

"အဲ့ပန်းချီကား ရောက်လာပြီးကတည်းက ဒီလိုဖြစ်သွားတာပဲ"

ပန်းချီကားတစ်ချပ်ကို လက်ညှိုးထိုးပြီး မောင်ထူးကပြန်ဖြေတယ်။ သူပြတဲ့ ပန်းချီကားကို ကျွန်တော် ကြည့်လိုက်တော့ နံရံကို ခေါင်းနဲ့ဆောင့်နေတဲ့ပုံ ဖြစ်နေတာကို တွေ့ရတယ်။

ကျွန်တော်အခု မောင်ထူးကို နည်းနည်းတော့ နားလည်လာပြီ။ မောင်ထူးအခန်းထဲကပန်းချီကားတွေနဲ့ မောင်ထူးနဲ့က ဆက်စပ်နေတာထင်တယ်။ မောင်ထူးအခန်းထဲမှာ နံရံကိုခေါင်းနဲ့ဆောင့်နေတဲ့ပုံရှိတယ်။ ဒါပေမဲ့ နံရံအစစ်တွေမရှိဘူး။ ပလက်ပေါက်ထဲလက်နှိုက်နေတဲ့ပုံရှိတယ်။ ဒါပေမဲ့ အခန်းထဲမှာတော့ ဘာပလက်ပေါက်မှ ရှိမနေဘူး။ လက်ကောက်ဝတ်ကို ပလိပ်ဓားနဲ့လှီးဖြတ်ထားတဲ့ပုံရှိတယ်။ မောင်ထူးဆီမှာတော့ ဘာဓားမှမရှိဘူး။ သစ်ပင်ကို ကားနဲ့တိုက်တဲ့ပုံရှိတယ်။ ဒါပေမဲ့ မောင်ထူးက အန်တီတို့မရှိရင် ကားမမောင်းရဘူး။ မောင်ထူးအခန်းထဲမှာ ဘာမှန်မှ မရှိဘူး။ ဘာအရာဝတ္ထုမှလည်းရှိမနေဘူး။ မောင်ထူးက ဘာဖြစ်နေတာလဲ။ မောင်ထူးကဘာကြီးလဲ...

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now