|| Side Story ||

5.5K 995 35
                                    

{Unicode}

မြောက်ပိုင်းပင်လယ်က မင်းသမီးဟာ ဧကရာဇ်က ပန်းနတ်ဘုရားငယ်လေးကို လက်ထပ်တော့မယ်ဆိုတာလည်း ကြားရော ပြဿနာလာရှာပြီး သူ့ကိုလည်း လက်ထပ်ယူဖို့ ဧကရာဇ်ဆီ ငိုယိုတောင်းဆိုလေတော့သည်။ ဒါပေမဲ့ ဧကရာဇ်ကတော့ ဆန္ဒမရှိသေးပေ။

ဒါကို ကြားတဲ့အခါ လျိုကျန်းယွင်က အမြန်ပြေးလာပြီး မင်းသမီးကို မျက်စဉ်းဆေးတစ်ပုလင်း ပေးလေသည်။
"မငိုနဲ့တော့... မျက်လုံးတွေ ရောင်နေပြီ။"

နတ်ဘုရားတွေက ညည်းညူသည် : သူက အရမ်းကို နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းလိုက်တာ... ဧကရာဇ်က သူ့ကို နှစ်သက်သဘောကျတာလည်း မထူးဆန်းတော့ပါဘူး...။

ပိုင်ရှီ့သာလျှင် သိသည်၊ သူ့ချစ်သူလေးက မင်းသမီးကို ငရုတ်သီးစိမ်းအရည် ပေးလိုက်တာ ဖြစ်သည်။

လက်ထပ်ပွဲဖိတ်စာတွေကို လိုက်ဝေပြီး ကောင်းကင်ဘုံနန်းတော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်နေသည်။

နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်တော့ ဧကရာဇ်ဆီကနေ မင်္ဂလာဆောင်ဖိတ်စာ လက်ခံရရှိနိုင်တာက တကယ့်ကို ရှားပါးလွန်းတဲ့ အရာပင်။

ယွဲ့လောင်လည်း ပျော်ရွှင်နေပြီး မင်္ဂလာဆောင်မှာ ထိုင့်ပိုင်ကျင်းရှင်းကို တွေ့တဲ့အခါ ပြုံးဖြဲဖြဲ လုပ်ပြသည်။ သူက သူ့ရဲ့ ကိုယ်ပိုင် 'ထင့်ထင်ယွင်း'ကို မျှဝေဖို့အတွက် ထုတ်ယူလိုက်ပြီး
"ပိုင်ကြီး... အခုကစပြီး မင်းရဲ့ ပြဒါးရှင်လုံးတွေကို ငါ့ဆီသာ တိုက်ရိုက်ပေးလိုက်တော့။ အခုဆို ဧကရာဇ်က ငါ့ ခေါင်းကိုင်ချွေးမလေး ဖြစ်သွားပြီကွ။"

ထိုင့်ပိုင်ကျင်းရှင်းက သူ့ကို အရှက်မရှိကြောင်း သုံးကြိမ်သုံးခါ ဝေဖန်သည်။

ဧကရာဇ်က လျိုကျန်းယွင် ဖက်တာ ခံနေရင်း မက်မန်းကိတ် စားကာ ပန်းနတ်ဘုရားငယ်လေးရဲ့ ခန္ဓာကိုယ်က အပူငွေ့တွေ သူ့ဆီ ကူးပြောင်းလာတာကို အထူးတလည် နှစ်သက်သည်။ တစ်ခါတော့ လျိုကျန်းယွင် ပျင်းနေသည်။ ဧကရာဇ်က မက်မွန်ကိတ်ကို တစ်ကိုက်စားပြီးနောက် အောက်ပြန်ချကာ ဆိုလာသည်။
"မကောင်းဘူး။"

🎉 You've finished reading ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်} 🎉
ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now