|| 11 ||

3.9K 810 9
                                    

{Unicode}

ယွဲ့လောင် အရမ်းကို စိတ်လှုပ်ရှားနေသည်၊ သူ့ကို ရှေ့နောက်ဆွဲခါနေပြီး
"လူပျိုစစ်စစ် ဖြစ်နေတုန်းပဲမလား။"
သူက လျိုကျန်းယွင်ရဲ့အနောက်ကို လှမ်းမျှော်ကြည့်လိုက်ပြီး
"ဧကရာဇ်က မင်းနဲ့အတူတူ လိုက်မလာဘူးလား။"

"မလာဘူး။"
လျိုကျန်းယွင် ထိုင်ချလိုက်သည်။

"ကောင်းတယ်!"
နတ်အိုကြီးက ထခုန်ပြီး လက်ခုပ်တီးသည်။

"ဒါပေမဲ့"
လျိုကျန်းယွင်က သစ်သီးပန်းကန်ထဲကနေ မက်မွန်သီးတွေကို ရွေးယူသည်။
"(၁၀)ရက်အတွင်းမှာ ဧကရာဇ်က ကျွန်တော်တို့ရဲ့ တံခါးကို ရောက်လာလိမ့်မယ်။"

"ဘာလို့ ငါတို့ တံခါးလဲ။ မင်း တစ်ခုခု ခိုးလာတာလား။"

"ဟုတ်တယ်။"
လျိုကျန်းယွင်က ပါးနှစ်ဖက်မှာ လက်ဖဝါးတွေ ကပ်လိုက်ပြီး
"ကျွန်တော် သူ့နှလုံးသားကို ခိုးလာတာလေ။ ကျိန်းသေပေါက် သူ ကျွန်တော့်ကို လာခေါ်တော့မှာ။"

နတ်အိုကြီးက ဟွန်းခနဲ နှာမှုတ်သည်။
"မြန်မြန် ကိုယ်လက်သန့်စင်ပြီး သွားအိပ်တော့။ ဘာလို့ စိတ်ကူးတွေယဉ်နေတာလဲ။"

ပထမနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက သူ့ခေါင်းကိုင်ဖခင်ရဲ့ မုတ်ဆိတ်မွေးကို ဆွဲဖွါရင်း သစ်သီးပန်းကန်ထဲက အသီးတွေအကုန်လုံးကို စားပစ်လိုက်သည်။

ဧကရာဇ်ကြီးကတော့ မနက်စောစော ထသည်။ ဆန်ပြုတ်အလွတ် တစ်ပန်းကန် စားပြီး စာဖတ်သည်။

ဒုတိယနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက နတ်အိုကြီးနဲ့အတူ ဖူးစာကြိုးနီတွေ ကူချည်ပေးပြီး အချို့ကြိုးထုံးတွေကိုတော့ သေချာ အာရုံမစိုက်ခဲ့ပေ။ နတ်အိုကြီးခမျာ ထိုကြိုးထုံးတွေကို ပြန်ဖြည်လို့လည်း မရတော့ဘဲ အရမ်းဒေါသထွက်သွားပြီး လျိုကျန်းယွင်ရဲ့ခေါင်းကို ထုလေသည်။

ဧကရာဇ်ကြီးကတော့ မနက်စောစော ထသည်။ ဆန်ပြုတ်အလွတ် တစ်ပန်းကန် စားပြီး စာဖတ်သည်။

တတိယနေ့မှာ...
ပန်းနတ်ဘုရားငယ်လေးက ဖရုံစေ့ဝါးရင်း 'ဘုံဗိမာန်တော်ရဲ့ အုပ်ချုပ်သူ' နဲ့ 'ကျောက်စိမ်းဧကရာဇ်ရဲ့ ချစ်ရေးချစ်ရာ ကြွေးမြီများ' တို့ကို နတ်အိုကြီးနဲ့အတူ ကြည့်သည်။

ပန်းနတ်ဘုရားငယ်နှင့် ဧကရာဇ်အရှင် {မြန်မာဘာသာပြန်}Where stories live. Discover now