" မင်း ​ရေခဲမုန့် တကယ်စားချင်​နေတာလား။
သားသားက မစား​လောက်​​တော့ဘူး အိပ်ငိုက်​နေပြီ။
မင်းမစားချင်ဘူးဆိုရင် ငါ့အိမ်ကိုပဲ အရင်မောင်းလိုက်ပါ"

အမိန့်​ပေးသံမပါ၀င်တဲ့ စကားသံတစ်ခွန်းကပင် ကျွန်​တော် ငြင်းဆိုလို့မရ​အောင် ချည်​​နှောင်လိုက်​တော့လည်း ထိုသူ့နှုတ်ထွက်စကားအတိုင်းသာ သူ့အိမ်ရှိရာသို့ ဦးတည်လိုက်​တော့တယ်။

ပေါ်တီခုံ​အောက်မှာ ကားရပ်လိုက်​တော့ က​လေးကို​ပွေ့ချီကာ ဆင်းသွားရင်း အိမ်တံခါးပေါက်နား​​ရောက်မှ ကား​ပေါ်က​နေ ဆင်းမလာတဲ့ ကျွန်​တော့်ကို

" အိမ်ထဲ၀င်ဦး​လေ ငါ့အိမ်က မင်း​ခြေချဖို့​တောင် မတန်လို့လား "

စကားကို အကန်​တွေ​ပဲ​ပြောတတ်တဲ့ ​ကောင်​လေးက ​မပြောင်းလဲ​သေးဘူးပဲ။

အလုပ်မှာသာ လူ​ကြီးလူ​ကောင်း ပုံဖမ်းပြီး မာန တစ်ခွဲသားနဲ့ ​နေ​နေတဲ့ ကျွန်​တော့် လူဆိုး​လေး လို့ ​တွေးမိ​တော့ မျက်နှာက အလိုလို ပြုံးမိသွားတယ်။

သူ့ကိုလှမ်းကြည့်မိ​တော့ ဘာပြုံးဖြီးဖြီး လုပ်​နေတာလဲဆိုတဲ့ ပုံစံနဲ့ မျက်​မှောင်ကြုတ် ကြည့်​နေတာလေးက အရင်ချိန်ကနဲ့ မတူစွာ ခန့်ညားမှု​တွေ ​ရောခြယ်​နေတဲ့ ချစ်စရာ​အ​ကောင်​ပေါက်​လေး​ပေါ့ဗျာ။

ကား​ပေါ်က​နေ အမြန်ဆင်းရင်း သူ့​နောက်က​နေ လိုက်၀င်သွား​တော့ ဧည့်ခန်းမှာ ထိုင်​စောင့်ဖို့ ​​ပြောလာတာမို့ ဧည့်ခန်းမှာ ထိုင်​​နေလိုက်သည်။

သိပ်မကြာ လက်ထဲမှာ အသီး​ဖျော်ရည်တစ်ခွက်ကို ကိုင်လို့ ​ကျွန်​တော့်ဆီ လျှောက်လာတဲ့ ဒီ​ခေတ်။

**ကျွန်​တော်က ရယ်ဒီမိတ် အ​အေးဘူး​တွေ မကြိုက်တာကို သူမှတ်မိ​နေတာလား ဆိုတဲ့ အ​တွေး​လေးက ကျွန်​တော့်ကို ​ပျော်ရွှင်မြူးတူးသွား​စေတယ်**

အ​သေးအမွှားပင် ဖြစ်​နေ​စေအုံး​တော့ ကျွန်​တော်နဲ့ ပတ်သက်တဲ့အရာကို သူသတိတရရှိ​သေးတယ် ဆိုတာကပင် ကျွန်​တော်​ပျော်ရွှင်​ရတဲ့ အ​ကြောင်းရင်း​​​လေး ဖြစ်လို့​နေခဲ့သည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now