Epi-25

787 28 6
                                    

#Unicode

ကုန်လွန်သွားခဲ့တဲ့ အချိန်​တွေထဲမှာ ကျွန်​တော်တို့ရဲ့ ပင်ပန်းရတဲ့ အထက်တန်းနှစ်​တွေဟာလည်း ​ဆီးနှင်း​တွေအရည်​ပျော်သလို တစ်ခု​သော ​နွေဦးမှာ ပြီးဆုံးခဲ့ပါပြီ။

ကျွန်​တော့်ခံစားချက်​တွေကို ဘယ်သူမှမရိပ်မိဖို့လည်း ကြိုးစားခဲ့တယ်။ သက်ဆိုင်သူကိုတောင် ၀န်ခံဖို့ အခွင့်မသာတဲ့ အ​နေအထားတစ်ခုမှာ အခြားဘယ်သူမှ သိစရာလည်းမလိုပါဘူး။

ဒါ​ပေမယ့်လည်း ကျွန်​တော့်ရဲ့ လျှို့၀ှက်ချက်​လေးဟာ
​တစ်​စုံတစ်​ယောက်ထံ မလွဲ​ရှောင်သာ သူမဟုတ်တဲ့ အခြားသူကို ဖွင့်ဟဖို့ ဖြစ်လာခဲ့​တော့တယ်။

အဲ့​​နေ့က ကိုးတန်းနှစ် ​နောက်ဆုံးစာ​မေးပွဲအတွက် ကိုယ်ပိုင်စာကြည့်ချိန်ရ​တော့ ​သော်တာယံက အိမ်မှာ စာ အတူတူလာကျက်ရင်းက​နေ အမှတ်မထင် ​ဒီ​ခေတ်​ မွေး​​နေ့လက်​ဆောင်​ပေးထားတဲ့  Doremon note book  စာအုပ်​လေးကို ဖွင့်ကြည့်မိရင်း ကျွန်​တော့်ရဲ့ ဖွင့်ဟထားတဲ့ ခံစားချက်​တွေကို မြင်သွားခဲ့တယ်။
အဲ့ဒီ​နောက်​တော့ ကိုယ့်ကိုအ​ပေါင်းသင်းမလုပ်မှာ ဖယ်ခွာသွားမှာ စိုးထိတ်စွာနဲ့ပဲ ၀န်ခံဖြစ်ခဲ့တယ်။
ဒါ​ပေမယ့် မထင်မှတ်ထား​လောက်​အောင် နားလည်မှု​ပေးခဲ့ပြီး ကိုယ့်ကို အား​ပေးခဲ့​ပါတယ်။

တစ်စုံတစ်​ယောက်ထံ ခံစားရသမျှ​တွေ ၀န်ခံဖွင့်ချ လိုက်​တော့ တစ်​​ယောက်တည်း နာကျင်ခဲ့ရတဲ့ ​ဝေဒနာ​တွေဟာ နည်းနည်း​တော့ ​သက်သာရာ ရခဲ့ပါတယ်။

သက်ဆိုင်သူကို​တော့ မ​ပြောပြဖြစ်​တော့မယ့် စကားလုံး​တွေဟာ သူ့ကိုမ​ပေးဖြစ်ခဲ့တဲ့​ အံဆွဲထဲက မွေး​နေ့လက်​ဆောင်​လေးလို ရင်ထဲမှာပဲသိမ်းဆည်းထားလိုက်ပါ​တော့တယ်။

ဆယ်တန်းနှစ်​ရောက်​တော့လည်း စာ​တွေနဲ့ နပန်းလုံးရင်း အချိန်​တွေကို ကုန်ဆုံး​စေခဲ့တယ်။
စာ​တွေလုပ်ရင်းနဲ့ပဲ အချိန်ကုန်ခဲ့​တော့ အရင်လိုပိတ်ရက်
ဂိမ်းဆိုင်​တွေမှာ လူမစုဖြစ်ကြသလို အရင်လို စ​နောက်ကာ ​​ဟေး​လေးဟား​လေး လည်း မ​နေဖြစ်ခဲ့ကြ​တော့။ ​

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Onde histórias criam vida. Descubra agora