Part -4

1K 32 0
                                    

#Unicode

နွေ​ကျောင်းပိတ်ရက်သည် ပုံမှန်လိုပင် ထူးဆန်းမှုမရှိ၊အလုပ်တစ်ခုပိုလာသည်မှလွဲ၍​။
အဲ့တာက​တော့ မာတာမိခင်ရဲ့ ​နောင်​ရေး​မျှော်​တွေးတဲ့ အစီစဥ်​ကြောင့် ​နွေရာသီအင်္ဂလိပ်စာ သင်တန်းတက်လိုက်ရခြင်းပင်။
   
ပုံမှန်​​နွေ​ကျောင်းပိတ်ရက်များလို ၉နာရီမှထ၍
မရ​တော့။
မနက်၇နာရီသင်တန်းမီရန် ၆နာရီခွဲ​လောက်ထရသည် ။
မျက်နှာသစ် မနက်စာစားကာ အ​ဖေ​မောင်းတဲ့
ဆိုင်ကယ်​နောက် အိပ်ငိုက်လိုက်ခြင်းသည် ​ဒီနှစ်​နွေရဲ့နေ့စဥ်လုပ်​ဆောင်မှုတစ်ခုဖြစ်လာရသည်။

များပြားလှ​သော ရွယ်တူ​ကျောင်းသားများ၊ အတန်းကြီးများ ၊အတန်းတစ်ချိန်ပြီးတာနှင့်​နောက်အတန်းတက်ဖို့လာကြနှင့်သင်တန်းအ​ပေါက်၀တွင် ပျားပန်းခတ်သလို၀င်ချည်ထွက်ချည် ရှုပ်​နေတတ်သည့် သင်တန်းသည် ကျွန်​တော့်အတွက်စိတ်ရှုပ်စရာ တစ်ခုပင်။

မနက်၈နာရီတန်းတွင် ​​ပေါက်စကတက်​နေသည်တဲ့။
သူက မနှစ်​နွေတည်းက တက်ဖူး​သော​ကြောင့် ဒီနှစ်​​နောက်တစ်ဆင့်အသစ်သင်ရမည်။
ကိုယ်က​တော့အခုမှ စတက်သူဖြစ်၍အ​ခြေခံကပင်
စရအုံးမည်။
မနက်​စော​စော မထရ​အောင် ခုလက်ရှိသင်လက်စ
အ​ခြေခံစာအုပ်မြန်မြန်ပြီး​အောင်ကြိုးစားရမည် ဟု​တွေးထားသည် ။
ခုသင်​နေရသည့်အ​ခြေခံ​တွေကလည်း
ကိုယ်သိပြီးသား​တွေများသည်။ဒီစာအုပ်ပိုင်နိုင်ရင် ​​နောက်အတန်းအမြန်ကူးလို့ရသည်ဟုဆိုသည်။

ဒီလိုနှင့်ပင် ​နွေပထမလမှာပင် အ​​ခြေခံစာအုပ်ပြီး၍​ပေါက်စတို့အတန်း​ပြောင်းတက်ခွင့်ရသည်
​ပေါက်စ တို့က စာ​တွေ​ရှေ့​ရောက်​နေ​သော်လည်း အဆင်​ပြေသည်။ ကိုယ်လည်းကိုယ့်စာကိုယ်လုပ် သူလည်းသူ့စာသူလုပ်နှင့် အတန်းမစမီ၁၅မိနစ်​လောက်​စောလာပြီးနှစ်​ယောက်သား ​ပေါက်စခိုးယူလာတဲ့Mp4​လေးကိုနားကြပ်တစ်ဖက်စီတပ်ရင်းCartoonကား​တွေကြည့်ကြ အာလူးဖုတ်ကြနဲ့ သာသာယာယာပင်။

​​​အောင်စာရင်းထွက်​သော​နေ့တွင် အ​​ပြေးအလွှား​အောင်စာရင်းသွားကြည့်စရာမလိုခဲ့​ပေမယ့် ၊ ​ကျောင်းစအပ်ရမည့်​နေ့တွင်​တော့ စိတ်လှုပ်ရှားစွာသွားခဲ့ရသည်။
အတန်းခွဲ​ကြေငြာထား​သောဘုတ်​ရှေ့ အ​ပြေးလွှားသွားကာ ကိုယ့်နာမည်ကို Aတန်းတွင်ပါမပါကြည့်မိသည်။
ဘယ်​လောက်ပဲ​သေချာ​ပေါက်​ဖြေနိုင်တယ်ဆို​စေကာမူ
စိုးရိမ်မှု​​တော့ရှိသည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now