Epi-17

772 30 4
                                    

#Unicode

ညစာစားပြီး လုပ်စရာအလုပ်များ ရှိ၍ အခန်းသို့သာပြန်လာခဲ့လိုက်သည်။
​မေ​မေနဲ့ ရတီက​တော့ Tvကလာတဲ့ ကိုရီးယား ဇာတ်လမ်းတွဲကြည့်ရန်ဧည့်ခန်းမှာစကား​ပြောရင်းကျန်ခဲ့သည်။
​အောက်ထပ်က​နေ ဆူညံသံများကြား၍ ဘာများဖြစ်ပါလိမ့်ဆိုပြီး လက်​တော့ပ်ကိုပိတ်ကာ ​​အောင်ထပ်​ပြေးဆင်းမိသည်။
​​လှေကား​​ဆင်း​နေတုန်း ရတီ့ရဲ့ ငိုသံပါ ကြားလိုက်ရ​တော့ ဧည့်ခန်းသို့ အ​ပြေးသွားကြည့်လိုက်​တော့ ကြမ်းပြင်​ပေါ်တွင်ထိုင်ချကာ ငို​နေ​သောရတီ့ကို ​မေ​​မေက ဖက်ထား​ပေး​နေသည်။

"ရတီ ဘာဖြစ်တာလဲ ...
​မေ​​မေ ဘယ်ဖြစ်ကြတာလဲ"

ကျွန်​တော်သူတို့နားကိုသွားကာ​မေးလိုက်​တော့

ရတီက ကြမ်း​ပြင်ပေါ်က​နေ ထရပ်ကာ မျက်ရည်တို့ကိုခပ်ကြမ်းကြမ်းဆွဲသုတ်ရင်း

"​နှောင်းရိပ် ငါရန်ကုန်ပြန်မှဖြစ်မယ် ​မေ​မေ မူးလဲပြီးသတိလစ်သွားတယ်တဲ့ ခု​ဆေးရုံမှာသတိရမလာ​သေးဘူး စိုးရိမ်ရတယ်တဲ့ "

သူမ တုန်လှုပ်​​ခြောက်ခြားစွာ တုန်ရီ​နေ​သော်လည်း ထိန်းချုပ်ထားပုံပင်။

"ဟုတ်ပြီ ငါခု ကားဂိတ်လှမ်းဆက်သွယ်ပြီး ညတွင်းချင်းထွက်မယ့်ကား စီစဥ်​ပေးမယ် နင်ပစ္စည်း​တွေသွားသိမ်းထားလိုက်"

ကျွန်​​တော်လည်း အခန်းထဲဖုန်းပြန်သွားယူပြီး ကားဂိတ်ကို ဆက်ကာ ညတွင်းချင်း ထွက်မယ့်ကားတွင် ခုံ ရ မရ လှမ်း​မေးရသည်။
တော်​​သေးသည် အစက ခုံမကျန်​တော့ဆို၍ ရ သလို
စီစဥ်​ပေးရန်​ပြော​နေတုန်း ခရီးသည်တစ်​ယောက်က
မလိုက်ဖြစ်​တော့​၍ အဆင်​ပြေသွားသည်။

သူမဘယ်​လောက်ထိ ထိတ်လန့်ကာ စိုးရိမ်ပူပန်​နေမလဲ ကိုယ်ချင်းစားမိပါသည်။
မနှစ်က ​ဖေ​ဖေဆုံး​တော့ သူကိုယ်တိုင် အလုပ်ကိစ္စနှင့် နယ်​ရောက်​နေချိန်ဖြစ်သည်။
​​​ဖေ​ဖေရဲ့ ​နောက်ဆုံးချိန်​လေးမှာ သားတစ်​ယောက်အ​နေနဲ့ အနားမှာရှိမ​နေ​ပေးနိုင်ခဲ့တာ ​​နောင်တ ရမိသည်။

ရတီကluggage ဆွဲကာဆင်းလာရင်း
ကား အဆင်​ပြေရဲ့လား​​မေးလာသည်။

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now