" မင်း ဘာ​ပြောချင်လို့လဲ ။
မင်း ဘာပဲ​ပြော​ပြော ဘာပဲ​မေး​မေး ငါ​ဖြေမှာမဟုတ်ဘူး။
အဲ့​ကြောင့် သွားလိုက်ပါအုံးမယ်"

လှည့်ထွက်ဖို့ပြင်​လိုက်တာမို့ လက်​ကောက်၀တ်ကို လှမ်းဖမ်းဆွဲလိုက်​တော့ အကြည့်စူးစူး တစ်ချက်က ကျွန်​တော့ဆီ စိုက်စိုက်မြိုက်မြိုက် လွင့်စင်လာသည်။

တံ​တွေးတစ်ချက်မြိုချရင်း ကိုင်ထားတဲ့ လက်​ကောက်၀တ်​လေးကို လွှတ်​ပေးကာ

" မင်းတို့​ရေခဲမုန့် သွားစားမလို့ မလား ။ ငါ​ရောလိုက်ခဲ့မယ်။
​​ကား​သော့ ​ပေး ငါ​မောင်းခဲ့​ပေးမယ်"

" မင်းကားက ဘယ်​​ရောက်သွားလို့ ငါ့ကား ​မောင်းချင်​နေရတာလဲ "

ခပ်တည်တည်မျက်နှာထားနဲ့ မျက်ခုံးတစ်ဖက် ပင့်ကာ ​မေးလာ​တော့

" ငါ ကားမပါခဲ့ဘူး ည​နေက ပျက်သွားလို့ ၀ပ်​ရှော့ ပို့ထားရတာ။ အလာတုန်းက တက္ကဆီ နဲ့ လာတာ။
အခု မင်းလည်းလမ်းကြုံတာပဲ ငါ့ကို ပြန်ပို့​ပေးပါ​ ​နော်"

မျက်နှာ​လေးငယ်ကာ သနားချင်စဖွယ်ဖြစ်​အောင် အသံကို နှိမ့်​​ပြောလိုက်​တော့

" အမ​လေးး ကြက်သီးထတယ် အဲ့ အသံနဲ့ လာမ​ပြောနဲ့ ။
​လူကဖြင့်အသက်ကြီးလှပြီ မျက်နှာ​ပြောင်တုန်း။
ရော့ ကား​သော့ ​​မောင်းခဲ့ "

ကား​သော့ကို ပစ်​ပေးကာ ပွစိပွစိ​​ပြောရင်း က​လေးကို ချီကာ အ​နောက်ခန်းမှာ သွားထိုင်​နေသည်။

" မလာ​သေးဘူးလား ။သွားမယ်​လေ ​အတောင့်လိုက်ကြီး ​သေ​နေတာလား"

ကျွန်​တော်လည်း ပြုံးကာ ၀မ်းသာအားရဖြင့် ​မောင်းသူ​နေရာ ၀င်ထိုင်လိုက်သည်။

ဘယ်​လောက်​တောင် ကြာခဲ့ပြီလဲ။ အခုလို မ​ကျေမချမ်းအချိုးမ​ပြေတဲ့ အသံ​လေးကို မကြားခဲ့ရတာ။
ကျွန်​တော် အမြဲ ​တောင့်တ သတိရခဲ့ရတဲ့ ကျွန်​တော့်နှလုံးသားဝိညာဥ်ရဲ့ ​တေးတမန်​လေး။

ကား​လေးက ထိုဆိုင်နဲ့ အတန်ငယ်လှမ်းတဲ့ ​နေရာကို​ရောက်လာခဲ့ပြီး အနီးနားမှာ ​ရေခဲမုန့်ဆိုင် ရှိမရှိ ကြည့်ရင်း ​မောင်း​နေတုန်း

ချည်မိ​နှောင်ကြိုး တည်တံ့​စေ(ချည်မိနှောင်ကြိုးတည်တံ့စေ)Where stories live. Discover now