မတည့်အတူနေ - ၁၇

4.1K 469 54
                                    

ZAWGYI

တိတ်ဆိတ်လွန်းလှတဲ့ ဆိုဂျူ ဆိုင်လေးထဲမှာ တခြားဝိုင်း
တွေမှာ အပေါင်းအသင်းများစွာ ပျော်မြူးနေကြပေမယ့် တစ်ယောက်ထဲဆွေးနေရသော ဝိုင်းလေးတစ်ဝိုင်း...

ဆိုဂျူ အပြည့်ထည့်ထားတဲ့ ခွက်အသေးလေးအား မတွန့်ဆုတ်ဘဲ အကုန်မော့ချလိုက်သည်။
စားပွဲပေါ်က အမြည်းတွေအား မထိဘဲ ဆိုဂျူ ချည်းသာ လှိမ့်သောက်နေသော ကောင်လေး....
ထိုကောင်လေးရဲ့ ပုံကိုကြည့်တာနဲ့ ဘယ်လောက်
ဝမ်းနည်းနေလဲ ဆိုတာ သိနိုင်၏။

တစ်ခွက်ပြီးတစ်ခွက်မော့နေရင်း သူမျက်ရည်တွေအား ထိန်းထားသည်။

တော်လောက်ပြီ...သူ ဒီထက်ပိုမသောက်သင့်တော့ဘူး...
သူ့ဘေးနားမှာ ထိန်းပေးမယ့်သူ မရှိဘူးလေ..

"အဒေါ်....ကျွန်တော် ပိုက်ဆံထားခဲ့ပြီနော်...."

စားပွဲပေါ် ပိုက်ဆံထားခဲ့ပြီး ဘေးခုံပေါ်က အိတ်ကို
ဆွဲယူရင်း သူဆိုင်ထဲက ထွက်လာခဲ့လိုက်သည်။

ခေါင်းထဲ မူးနောက်နောက် ဖြစ်နေပေမယ့်လဲ သူ့ကိုယ်သူ
ထိန်းနိုင်သေးသည်။

ဆေးရုံထဲဝင်လိုက်တာနဲ့ အကုန်လုံးရဲ့အကြည့်တွေက သူ့ဆီဆိုက်ရောက်လာ၏။
ထူးဆန်းလဲ ထူးဆန်းစရာပဲလေ....

ညအချိန်ကြီးမို့ ဆေးရုံမှာ လူနည်းနည်းသာရှိ၏။
လူနာတွေအကုန် နားသူက နားပြီး Night duty သမားလောက်သာ ကျန်ရှိသည်။
သူကတော့ night duty မဟုတ်ပေမယ့် ဆေးရုံအားတမင်ရောက်လာခြင်း....

"Seokjin...."

အနောက်က Hoseok ရဲ့ခေါ်သံအား လျစ်လျူရှုပြီး
လူနာ Jeon Jungkook ဆိုတဲ့ အခန်းလေးရှေ့ ရပ်လိုက်သည်။
Jeon Jungkook ဆိုတဲ့ နာမည်အရှေ့မှာ ဒေါက်တာ ဖြစ်နေရမှာကို ဘာလို့ လူနာ ဖြစ်နေရတာလဲ....

အရင်က ဆေးရုံလျှောက်လမ်းလေးမှာ အမြဲ ရန်ဖြစ်သံတွေ ကြားရပေမယ့် အခုမကြားရတာ တော်တော်ကြာခဲ့ပြီ....

Kim Seokjin လို့အော်ခေါ်တဲ့ ဒေါသသံကို သူ့နားထဲ ကြားယောင်နေသည်။
ဘေးနားက ပွစိပွစိ လုပ်သံလေးတွေ ၊ မထိတထိလိုက်စ
သံလေးတွေ....သူတစ်ချက်ပျောက်သွားတာနဲ့ ဘယ်မှာလဲ ဆိုတဲ့ message ပို့တတ်တဲ့ ကောင်လေးဆီ သူသွားမကြည့်ရဲ.....

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now