မတည့်အတူနေ - ၈

4.4K 566 66
                                    

[ ZAWGYI ]

ဖုန်းရပြီးထဲက Seok Jin ရော Jung Kook ရောအဝတ်အစားလဲပြီးတာနဲ့ Jimin ကို Tae Hyung နဲ့ထားခဲ့ပြီး ဆေးရုံကိုပြေးရတော့သည်။

ဒီဂြိုဟ်သူမလေးက သက်သက်ဂြိုဟ်မွှေနေတာ Seok Jin သိသည်။
ဘယ်လိုအကြောင်းကြောင့်နဲ့များ ဒီလောက်ဆိုးသွမ်းပြီး ဆေးကုသမှုကို မခံယူချင်ရတာလဲ မပြောတတ်...

Vip အခန်းထဲရောက်သွားတာနဲ့ မြင်လိုက်ရတာက ကုတင်အလွတ်တစ်လုံးနဲ့ ထိုကုတင်ဘေးမှာ စိုးရိမ်တကြီးသူတို့ကိုရပ်စောင့်နေသော ဥက္ကဌကတော်နဲ့ ကလေးထိန်း..

ကုတင်နားရောက်အောင် အလောတကြီး ပြေးသွားတော့ ရလိုက်တာက ဘယ်ဘက်ပါးပေါ်က ပြင်းရှရှလက်ဝါးရာလေးတစ်ခု..

ဖြန်း...!!

Seok Jin ကြောင်အနေမိသည်။
အခု...အခု သူပါးရိုက်ခံလိုက်ရတာလား....
ငယ်ငယ်ထဲက ဆက်ဆက်ထိမခံဆိုပေမယ့်လဲ ရုတ်တရက်မို့သူကြောင်သွားရသည်။

ရိုက်ချက်က ပြင်းလွန်းတာကြောင့် ခေါင်းပါလည်ထွက်သွားသည်အထိ.....

ဒေါသတွေကို ဖြေလျှော့ဖို့ ခေါင်းကိုမော့လိုက်ပြီး ပါးစောင်ကိုလျှာနဲ့ထိုးရင်း နဖူးပေါ်ကဆံပင်တွေကို လက်နဲ့ခပ်ကြမ်းကြမ်း သပ်တင်လိုက်မိသည်။

"မင်းတို့ ဘယ်လိုလုပ်တာလဲ....တာဝန်ခံ ဆရာဝန်နှစ်ယောက်တောင် ထားထားတာကို ကလေးကဘယ်လိုပျောက်သွားရတာလဲ...ဒီကိစ္စကို မင်းတို့ဘယ်လိုရှင်းပေးမှာလဲ...ဖြေလေ...အခုချက်ချင်း ငါ့သမီးကိုရှာပေး..."

နေ့တိုင်း သူနဲ့ Jung Kook တစ်ယောက်မဟုတ် တစ်ယောက်စောင့်နေခဲ့တာ...
မနေ့ကမှ သူတို့နှစ်ယောက်လုံး အိမ်မှာဆုံမိတာ....
Nurse တွေကို သေချာကြည့်ခိုင်းခဲ့တာ ရလဒ်ကတော့...
ဒါ ဒီကောင်မလေး သက်သက်လုပ်မှန်း သူသိသည်။

"ဒီမှာ...ကျွန်တော်တို့က ဆရာဝန်နော်....
ခင်ဗျားလို အချိန်တိုင်း အားယားနေတာမဟုတ်ဘူး...
ကျွန်တော့အသားကိုလာထိတဲ့အတွက် ခင်ဗျားတာဝန်ယူရလိမ့်မယ်..."

ဥက္ကဌကတော်တွေဘာတွေလဲ သူမသိတော့....
အခုချိန်မှာ သူ့အသားနာသွားတာကြောင့် စိတ်မကောင်းလဲဖြစ်သလို ဒေါသကလဲ ငယ်ထိပ်ကိုရောက်နေပြီလေ....

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now