မတည့်အတူနေ - ၃

4.8K 568 50
                                    

Zawgyi

"Yah..အဲ့ဒါဘာလုပ်တာလဲ"

သူ့ကားတံခါးကို ဖွင့်ပြီးတက်ဖို့ပြင်နေသော Seok Jin ကို Jung Kook လှမ်းအော်သည်။

"ဘာလုပ်ရမှာလဲ ငါ့ကားက Jiji ရဲ့ မူကြိုမှာလေ...အဲ့ဒါကြောင့် မင်းကားနဲ့လိုက်မလို့....
Jiji ကိုပို့ရင်းနဲ့ ငါ့ကားငါဝင်ယူမယ်...OK ??"

OK ဆိုပြီး ဆရာကြီးလေသံနဲ့ ပြောနေတဲ့ Seok Jin ကို Jung Kook အမြင်ကပ်စွာ..

"ဆောတီးပဲ.....Taxi နဲ့ပဲဖြစ်ဖြစ်၊Bus နဲ့ပဲဖြစ်ဖြစ် ကိုယ့်ဖာသာကိုယ် တစ်ယောက်ထဲသွား....ငါ့ကားပေးမစီးနိုင်ဘူး
ငါ့ကားပေါ် Jiji ကိုပဲ တင်မှာ...မင်းကိုမတင်နိုင်ဘူး
အာ ....ဆေးမှတ်တမ်းတွေကျန်ခဲ့ပြီ
Jiji ah...ခနလေး စောင့်နော်"

Jung Kook ပြောပြီးတာနဲ့ ဆေးမှတ်တမ်းတွေကျန်ခဲ့တယ်ဆိုပြီး အိမ်ပေါ်ပြန်ပြေးတက်သွားသည်။

"Yah....Jeon Jung Kook ငါကရော မင်းကားစီးချင်နေတယ်များ ထင်နေလား...အရူးကောင် တွေ့မယ်.."

-----------------

Jung Kook ပြန်ဆင်းလာတော့ Seok Jin ရော Jimin ကိုရော မတွေ့တော့ပေ..

"Jiji ah..ဘယ်ရောက်သွားတာလဲ ဟိုကောင် ခေါ်သွားပြီလား မသိဘူး..."

Jung Kook အိမ်တံခါးသော့ခတ်ပြီး ကားပေါ်တက်ဖို့ ကားတံခါးလေးဖွင့်တုန်း အောက်က မူမမှန်တဲ့ကားဘီးလေးဆီ အကြည့်ရောက်သွားတော့ ကားဘီးမှာ အချွန်တစ်ခုစိုက်ပြီး ပြားချပ်နေလေသည်။

"Yah....Kim Seok Jin !!!"

---------------

"ဦးဦး Kookie တော့ ဒေါသတွေထွက်နေတော့မှာပဲ."

"ဟား....ဟား....ဖြစ်ပါစေ...သူ့ဒေါသနဲ့သူ...
သူမှ ဦးဦးကို မခေါ်တာ"

Seok Jin သူ့ကိုမခေါ်တာကြောင့် အမြင်ကပ်ကပ်နဲ့ ကားဘီးကိုပေါက်အောင်လုပ်ခဲ့ပြီး သူကတော့ Jiji ကိုခေါ်ပြီး Taxi နဲ့သာ လာခဲ့သည်။

မူကြိုရောက်မှ Jiji ကို မူကြိုထဲထိ လိုက်ပို့ပြီး ထားခဲ့တဲ့ သူ့ကားပေါ်တက်ပြီး ဆေးရုံကို မောင်းလာခဲ့လိုက်သည်။

--------------

တောက်.....🔥🔥

Jung Kook ရဲ့ တက်ခေါက်သံကြောင့် ဘေးကမောင်းနေတဲ့ Ho Seok ခန္တာကိုယ်လေး တုန်တက်သွားရသည်။

𝐓𝐎𝐌 & 𝐉𝐄𝐑𝐑𝐘 [𝐂𝐎𝐌𝐏𝐋𝐄𝐓𝐄𝐃]Where stories live. Discover now