Part - 3 ​ပျော်ရွှင်ခဲ့သည်..သို့​သော်..အပြစ်ကြီးသည်

113 10 0
                                    

အချိန်​​နောက်ပြန်မဆုတ်ခင်ဘဝက........

ထို့အာ​ ကျောင်းသို့​ရောက်​ရောက်ချင်းတွင်
ကျူရှန်း ဆို​သော​ကောင်မ​လေးနှင့်အရင်ခင်ခဲ့သည်
ကျူရှန်း နှင့်အမြဲတမ်းတွဲကာ ဟဲရန် လုရွှယ်တို့နှင့်
ခင်မင်ခဲ့ကြသည်...

ခင်မင်ခဲ့ရသည့်အ​ကြောင်းမှာ ဟဲရန် နှင့် ကျူရှန်း တို့
တွဲ​နေကြ​သော​ကြောင့်ဖြစ်သည်သူတို့​ 4 ​ယောက်ဟာ
အမြဲတမ်းတပူးပူးတတွဲတွဲ....​ကျောင်းပိတ်ရက်၌
အတူတူခရီးထွက်ကြသည်..​ကျောင်းတက်ရက်ဆိုရင်
စာအတူတူကြိုးစားကြသည်..

ဆရာဆရာမတိုင်းချစ်ခင်ရ​သောအဖွဲ့ပင်ဖြစ်၍​
ပျော်စရာ​ကောင်းခဲ့သည်...ထို့​ကြောင့်ပင်မနာလို
ဝန်တိုမှုများကိုလည်းခံကြရသည်...

တစ်​နေ့၌သူတို့ ဟဲရန် အိမ်၌ဆုံပြီးရုပ်ရှင်ကြည့်ကြရာ
ကျူရှန်း ဖုန်းလာသဖြင့်သန့်စင်ခန်း၌သွား​ပြောသည်

စူးလီ : နင်က​တော်​တော်​ကောင်းစား​နေတာပဲ
သူ​​ဌေးသားဟဲရန်ကလည်းနင့်ရည်းစား
သူငယ်ချင်း​တွေကလည်းစာ​တော်ကြီး​တွေ

ကျူရှန်း : အာ့​တော့နင်ဘာလုပ်မလို့လဲ

စူးလီ : ဟဲရန်​ဘေးကထွက်သွား...မဟုတ်ရင်
နင်က လုရွှယ်ကိုကြိုက်​နေလို့ ဟဲရန် နဲ့
တွဲတာဆိုတဲ့ကိစ္စ..တစ်​ကျောင်းလုံးကို
ဖြန့်လိုက်မယ်...ဘယ်လိုလဲ......

ကျူရှန်း : နင်!!!!!

စူးလီ : ဘာနင်လဲ...ဘယ်လိုသိတာလဲလို့​မေးမှာလား
ဟို​နေ့ကနင်အိမ်ပြန်​တော့ငါလိုက်ကြည့်တယ်
မထင်ထားဘူး...ငါတို့လိုက်ကြည့်​နေတဲ့သူက
သူ့သူငယ်ချင်း​နောက်လိုက်ကြည့်​နေတာကို
မြင်လိုက်ရတယ်​လေ.....Wowww..

ကျူရှန်း : နင်တို့လူမှားတာ...အာ့ငါမဟုတ်ဘူး..

စူးလီ : ဟုတ်ရဲ့လား..ငါ့မှာဓါတ်ပုံ​တောင်ရှိတယ်

ကျူရှန်း : နင်တကယ်ပဲ...ဘာလိုချင်လို့လဲ

စူးလီ : နင်တို့အိမ်ကချမ်းသာတာငါသိတယ်
ဒါ​ပေမယ့်ငါလိုချင်တာက.နင် ဟဲရန် ​ဘေးက
ထွက်သွားဖို့ပဲ...ဘယ်​တော့မှ​ကျောင်းမှာ
​ပေါ်မလာနဲ့....

သူဖန်တီးခဲ့​သောကံကြမ္မာWo Geschichten leben. Entdecke jetzt