"မင်း မနက်စာစားပြီးပြီလား?။"
ကျန်ချန်သူနှင့်အတူလိုက်ရယ်လိုက်၏။ဘာ
ကြောင့်မှန်းမသိ ကုဖေးရဲ့အပြုံးကိုမြင်တိုင်း
သူလည်း လိုက်ပြုံးချင်မိသည်။
"အတူစားမလား?။"

"မင်း ငါ့ကို ဝယ်ကျွေးမှာလား?။"

ကျန်ချန် သူ့ကို စိုက်ကြည့်လိုက်၏။
"ငါ မင်းကို မနေ့ကပေးထားတဲ့ ယွမ် ၅၀က
မကုန်သေးဘူးမလား?။"

ကုဖေးက ပခုံးတွန့်သည်။
"ကောင်းပြီ။ဖက်ထုပ်ပေါင်း?။"

"ဖက်ထုပ်ပေါင်း၊ဖက်ထုပ်ပြုတ် ၊ဂျုံပေါင်မုန့်
ပြီးတော့ တို့ဖူးပူတင်း။ "
သူ စောစောကရွေးထားတဲ့အစားအသောက်များ
အားရွတ်ပြလိုက်၏။
"တစ်ခုစီတိုင်းက စားလို့ကောင်းတယ်အိုး,
အမဲသားနှပ်အနံ့က မွှေးနေတာပဲ။"

ကုဖေးက သူ့ကို ကြည့်လာသည်။
"စားပွဲဝိုင်းသွားယူ။"

သူတို့နေရာသည်ဆင်ခြေဖုံးရပ်ကွက်လေးဖြစ်သော်လည်း လူနေအိမ်အဆောက်အဦးများက
ခေတ်မှီပြီးသန်ရှင်းသည်။ထို့ကြောင့် မနက်စာ
ရောင်းသည့် ဆိုင်ခန်းလေးတွင် လည်း လူစည်
ကားလျှက်ရှိ၏။ကျန်ချန်သည်ဆိုင်လေးထဲကို
ဝင်ပြီးခုံရှည်နှစ်ခုံမြန်မြန်ယူကာ စားပွဲအလွတ်
ရှေ့မှာချလိုက်သည်။ထို့နောက် တစ်ခုံတွင် သူ
ထိုင်ပြီး ကျန်တစ်ခုံပေါ်တွင် သူ့လွယ်အိတ်ကို
တင်လိုက်သည်။

သူထိုင်နေသည့်နေရာအား ကုဖေး သိအောင်အချက်ပြဖို့ သူအကြည့်များပင့်တင်လိုက်တဲ့
အခါသူတို့စားပွဲနှင့်မျက်နှာချင်းဆိုင်စားပွဲမှာ
ထိုင်​နေသည့် မိန်းကလေး နှစ်ယောက်ကိုမြင်လိုက်၏။ထိုမိန်းကလေးများက သူ့ကို ကြည့်
ကာတိုးတိုးကြိတ်ကြိတ်ရယ်​နေပြီး၊ အကြည့်
ချင်းဆုံသည့်အခါ သူတို့နှစ်ယောက်ရဲ့ခေါင်း
များငုံ့သွားကြသည်။

ပူပူလေးရှိသောမနက်စာများအပြည့်တင်ထား
သည့်ဗန်းနှစ်ဗန်းကိုသယ်ထားသည့် ကုဖေးကို
တွေ့လိုက်ရတာကြောင့်လက်တစ်ဖက်မြှောက်
ပြီး ကျန်ချန်လက်ဖျောက်တီးလိုက်၏။
"ငါ ဒီမှာ။"

ကုဖေးကသူ့ဆီလျှောက်လာပြီးစားစရာများကို
စားပွဲပေါ်တင်လိုက်သည်။
"မင်းပြောသမျှမုန့်အကုန်ယူခဲ့တယ်။တစ်ခြား
စားချင်တာရှိသေးလား?။ "

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now