ပြေးထွက်သွားကောင်လေးကို ကြည့်ပြီးBrightတစ်ချက်
ရီလိုက်သည်။နားရွက်တွေ ခရမ်းချဉ်သီးလို
နီရဲသွားတာကို ကြည့်ခြင်းအားဖြင့်
ရှက်သွားတာမလား။ဘာပဲဖြစ်ဖြစ် Brightရဲ့
ပထမအဆင့် Flirtခြင်းအောင်မြင်ပါသည်။*အားလုံးဘဲ Dream boyဆိုတဲ့ဂုဏ်ပုဒ်က
အလကားမဟုတ်ပါ*
---------------------------
Time Skip"ဒေါက် ဒေါက် ပီးဘိုက် ပြီးပြီလား"
ဂျလပ်
"အင်း ပြီးပြီ"
Brightတံခါးဖွင့်ရင်း ပြန်ဖြေလိုက်သည်။
မြင်လိုက်ရသည်က တဘက်ကိုကိုင်ကာ ကြည့်နေသော
ဆံပင်စုတ်ဖွားဖြင့် ယုန်စုတ်တစ်ကောင်။အမြဲတမ်းခေါင်းကို
ခြောက်အောင်မသုတ်။"ဟီး ပြန်သေးဘူးမလား ခေါင်းသုတ်ပေး"
သွားတွေဖြဲထားသော ယုန်ပေါက်ဟာ နွားကြီး ဟီးနေတဲ့
အတိုင်း။ဒီအမူအယာကတော့ သူတစ်ခုခုလိုချင်ပြီဆို
Brightကို လုပ်ပြနေကြပမယ့် မရိုးနိုင်ပေ။"အင်း"
Brightပြောပြီးနောက် ခုန်ဆွခုန်ဆွဖြင့် ကုတင်ပေါ်
တက်ထိုင်သော Winကြောင့်Brightလည်း အရှေ့မှာ
ခါးကိုင်းရပ်ကာ နေရာယူလိုက်သည်။ယခုပုံစံမှာ Bright
ရင်ဘတ်နှင့် Winမျက်နှာနှင့် ကပ်နေသည်။Brightအတွက် ထိုပုံစံဟာ အန္တရာယ်တော့ရှိသည်။
*အဆမတန်ခုန်နေတဲ့ ကိုယ့်နှလုံးခုန်သံကိုကြားသွားမလား*
အမှန်တကယ်တော့
ကြားစေချင်သည်။
မြင်စေချင်သည်။
သိစေချင်သည်။
လက်ခံစေချင်သည်။ထိုအချက်တွေထဲမှာ Brightအတွက် မသေချာတဲ့အချက်
က နောက်ဆုံးအချက်ပင်။"ပီးဘိုက်!!!!!"
"ဟမ် ဟမ်"
"ခေါ်နေတာကြာပြီ ဘာတွေတွေးနေတာလဲ"
"ဟမ်ဘာမှမဟုတ်ပါဘူး ပြော ဘာပြောမလို့လဲ"
"တောင်းမလို့ အင်း......ဒီတစ်ခါပစ္စည်းမဟုတ်ဘူး ခိုင်းတာလုပ်ရမှာ"
"ဟမ် ပေါက်ကရမလုပ်ပါနဲ့ Winရာ ကြိုက်တဲ့အရာဝတ္ထု
တောင်း ပေးပါ့မယ်"
YOU ARE READING
F4( GMM Version)Z/U
FanfictionUnicode/Zawgyi OffGun💚 BrightWin❤️TayNew💙 အရမ်းချစ်တတ်သော သူတို့ကြားကရှုပ်ထွေးသော အချစ်ဇာတ်လမ်းလေးတစ်ပုဒ်💗 အရမ်းချစ်တတ်သော သူတို့ကြားကရှုပ်ထွေးသော အချစ်ဇာတ်လမ်းလေးတစ်ပုဒ်💗 [1.9.2020] to [6.5.2021]