Ep 26

1.9K 185 23
                                    

Zawgyi

ဝုန်း!!!

ဆေးရုံတံခါးက ဒုန်းခနဲပွင့်သွားတာကြောင့်
Gunလန့်သွားရုံဘဲ ရှိသေးသည်~~~။
ပြေးဝင်လာသူရဲ့ ရင်ခွင်ထဲရောက်သွားပြီ ဖြစ်သည်~~။

Gunကို လွတ်ထွက်မတတ် တင်းကျပ်စွာ
ဖက်ထားမှုကြောင့် အရိုးကျိုးတော့မလိုတောင်ခံစားရသည်။

*ဒီလူတော့ တကယ်ပါဘဲ~~~*

"အဟင့်~~~~P offနာတယ်~~"

Gunအခုချိန်မှာ အထူးတလည်သရုပ်ဆောင်နေစရာမလို။
ရင်ဘတ်ထဲက နာကျင်မှုကြောင့် မျက်ရည်များဟာ Offပုခုံး
ပေါ်တွင် စိုရွှဲနေပြီဖြစ်သည်~~~။

Gun"နာတယ်"ဟု ဆိုသောကြောင့် Offလွှတ်ပေး
လိုက်သည်~~~။ထို့နောက် မျက်ရည်များဖြင့် ပေပွနေသော
ကောင်လေးရဲ့ မျက်နှာလေးကိုအုပ်ကိုင်မိသည်~~~။

"Sorry အချစ်~~~ကိုယ်~~ကိုယ် ကြောက်နေလို့
အချစ် တစ်ခုခုဖြစ်မှာ~~ဟူး ဘယ်လိုဖြစ်တာလဲဟင်! ကိုယ် ကြားခဲ့တယ် မနေ့ကဆေးရုံကားတောင် လာခေါ်သွားရတယ်ဆို~~~"

အရှေ့က စကားတွေဂယောက်ဂယက်ဖြင့်ပြောနေသော
လူကိုကြည့်ပြီး Gunသနားစိတ်ဖြစ်ပေါ်လာပမယ့် ထိုသနားစိတ်က  ရင်ဘတ်ထဲက နာကျည်းမှုကိုတော့ မမှီ~~။

"အချစ်ရယ် တစ်ခုခုပြောပါဦး!!ကိုယ်ရူးတော့မယ်~~"

"ဟင့် Maeမရှိတော့ဘူး~~~"

"ဟင်!"

"ဟင့် အင့် Maeမရှိတော့ဘူး ပြီးတော့ Por အင့်~~
Por အလောင်းကစားအကြွေးတွေကြောင့် အိမ်ကိုသိမ်းမယ်တဲ့~~အီးဟီး ~~နေစရာလဲမရှိတော့ဘူး~~~Gunမှာ
ဘာမှမရှိတော့ဘူး~~~"

Off ရင်ခွဲပက်လက်ငိုကြွေးနေသော Gunရဲ့
ုမျက်ရည်တွေကိုကြည့်ရင်း ရင်ဘတ်ထဲကနာကျင်
လာရသည်~~။

Off ကိုယ်လုံးသေးသေးလေးကို ရင်ခွင်ထဲသို့
ဆွဲဖက်လိုက်ပြီး ကျောကုန်းလေးကို ပွတ်ပေးနေမိသည်~~။
Gunက တရှိုက်ရှိုက်ဖြင့် ငိုကြွေးနေသလို
Offရင်ထဲမှာလဲ အသံတိတ်ငိုကြွေးနေမိသည်~~။

"အကြွေးကဘယ်လောက်မလို့ အိမ်ကိုသိမ်းတာလဲ~~"

"အင့် သိဘူး Porနဲ့ အင့်~~Maeကငယ်ငယ်လေးတည်းက အကြောင်းတစ်ခုကြောင့်ကွဲသွားကြတာ~~အင့်~~
တရားဝင်တော့မကွာရသေးဘူး~~~ပြီးတော့
အိမ်ကို သိမ်းတာ~~~ခင်များအမေလုပ်တာ!!!Maeကနှလုံးရောဂါရှိတယ် ~~အင့်"

F4( GMM Version)Z/UWhere stories live. Discover now