" ဟိုလေ ကိုလင်းသန့်… ကျွန်တော် တစ်ခုလောက် အကူအညီတောင်းချင်လို့ ''

သူတို့ စကားပြောဆိုပြီး ခဏအကြာ ဦးရဲရွှေလှသွင်မှာ အခန်းထဲသို့ဝင်လာလေသည် ။ သူ့ကိုဖက်ကာ သာကြောင်းမာကြောင်းစကားများပြောကာ လင်းသန့်ဝေဆီ သူ့ကျန်းမာရေးအခြေအနေများအား မေးနေလေတော့သည် ။ ထိုစဉ်မှာပင် တံခါးတစ်ချပ်ပွင့်လာပြီး အခန်းဝတွင် သျှံမင်းဆက်ကို တွေ့လိုက်ရသည် ။

" သွင်လေး… ''

သူ့အားခေါ်ရင်း ပြေးဝင်လာကာ ဖက်လိုက်လေ၏ ။

" အင့်… ''

" သတိရနေတာ လွမ်းနေတာ... ကိုယ့်ဆီပြန်လာပြီပေါ့နော် ၊ ကိုယ် သွင်လေးကို ဘယ်လောက်တောင် သတိရနေတယ်ထင်လဲ ''

" အဟမ်း မင်းဆက်… သွင်မှူးအိမ်က လူမမာဆိုတာ မေ့မနေနဲ့ဦး ၊ ဒီမှာ အန်ကယ်လည်းရှိနေတယ်လေ ''

လင်းသန့်ဝေက ပြောလိုက်တော့မှ သွင်မှူးအိမ်အားဖက်ထားသည်ကို ဖြည်လျော့ပေးသည် ။ သူ့ပုခုံးနှစ်ဖက်အား ဖွဖွကိုင်ရင်း…

" နေရထိုင်ရတာ အဆင်ပြေလား… ဘယ်နား နာသေးလဲ… ''

သျှံမင်းဆက်ကသာ မေးနေသော်လည်း သွင်မှူးအိမ်က မဖြေဘဲ မျက်လုံးပေကလပ်ပေကလပ်နှင့် ပြန်ကြည့်လာသည် ။ ပုခုံးပေါ်မှလက်တို့ကို အသာဖယ်ချပြီး…

" အစ်ကိုက ဘယ်သူလဲ ''

" ဟင်… ''

" ကျွန်တော့်ကို သိလို့လား ''

" သွင်လေး… ''

သျှံမင်းဆက်မယုံနိုင်စွာပင် လင်းသန့်ဝေကို ကြည့်လိုက်သည် ။ သူက စိတ်မကောင်းသည့်ပုံစံဖြင့် ခေါင်းခါပြသည် ။

" သွင်လေး… ကိုယ့်ကို တကယ်မမှတ်မိတော့တာလား ၊ ကိုယ်လေ သွင်လေးရဲ့ချစ်သူ သျှံမင်းဆက်လေ ''

သွင်မှူးအိမ်က ထိုအတိုင်းသာကြည့်မြဲ ။

" အင်း မမှတ်မိရင်လည်း ထားပါ… အတင်းအကျပ်မှတ်မိအောင် မစေခိုင်းပါဘူး ၊ တဖြည်းဖြည်းချင်း ကိုယ့်ကိုမှတ်မိလာအောင် ကြိုးစားပါ့မယ်… ''

သျှံမင်းဆက်က ပြောပြီး သွင်မှူးအိမ်ကို ဖက်လိုက်သည် ။ ရယ်သံလွင်လွင်လေး ကြားလိုက်ရပြီး ခါးတစ်ဝိုက်တွင် လက်တို့ရစ်သိုင်းခြင်းကို ခံစားလိုက်ရသည် ။

A Love Like No Other [Completed] Όπου ζουν οι ιστορίες. Ανακάλυψε τώρα