Synopsis

27K 1.4K 6
                                    

SCROLL DOWN FOR ZAWGYI

UNICODE

"ငါ သူ့အတွက် ထောင်ထဲမှာ ၁၀နှစ်နေခဲ့တယ် ,သူကတော့ တစ်ခါတောင်လာမတွေ့ခဲ့ဘူး"

လုဖုန်းကိုစာတွေရှင်းပြနေတဲ့အချိန် ဘေးတိုက်မြင်နေရတဲ့သူ့ရဲ့မျက်နှာ
နေရောင်ခြည်ဖျော့ဖျော့လာရောက်ထိခတ်ပြီး တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်လေးတွေမျက်ဝန်းတွေအောက်မှာထင်နေတဲ့ အရိပ်ဖျော့ဖျော့ကအစ လုဖုန်းအတွက် အမြဲသဘောတကျရှုစားခဲ့ရတဲ့မြင်ကွင်းတွေပါပဲ ။

သူ့ရဲ့ကြည့်ကောင်းမှုတွေဆီ လုဖုန်းပျော်ဝင်သွားတိုင်း သူ့ မိဘအရင်းတွေဟာဘာလို့အဲ့လောက်ရူးနှမ်းကြလေသလဲဆိုပြီး လုဖုန်းအံ့သြမိတယ်
ဘယ်လို သာမာန်လူတွေကများ ဒီလိုချောမောပြီးကျန်းမာတဲ့ကောင်လေးတစ်ယောက်ကို စွန့်ပစ်ရက်ကြမှာလဲ

အဲ့ဒီအချိန်ကစလို့ သူ့အပေါ်ထားရှိတဲ့ လေးနက်တဲ့ ချစ်ခင်တွယ်တာမှုတွေကို အကိုတစ်ယောက်အပေါ်ခံစားရတဲ့တွယ်တာမှုလို့ပဲ သူယုံကြည်နေခဲ့တာ ။

ချီးယန်ပေါ်မလာခင်အထိပေါ့ ။

လုဖုန်းနဲ့ ရှန့်မင်အော်ကိုလိုက်နေတဲ့ကောင်အကြား ကွာခြားချက်​ကိုပြောပါဆို သူက ရှန့်မင်အော်ကို အကိုကြီးလို့ခေါ်ခဲ့တဲ့အချက်ပဲ ။

အေးစက်စက် Gong နဲ့ စွန့်လွှတ်အနစ်နာခံတတ်တဲ့ Shouကြားက ဇာတ်လမ်းတစ်ပုဒ်
တရားဥပဒေအရ ညီအကိုတော်ခဲ့ရတဲ့ သူတို့၂ယောက်အပေါ်အခြေတည်ထားတဲ့ဇာတ်လမ်းတစ်ပုဒ်...

လုဖုန်းကရော ဘာကြောင့်ထောင်ထဲဝင်ခဲ့ရသလဲ ရှန့်မင်အော်နဲ့ဘယ်လိုများပတ်သက်မှုရှိနေလဲ။
လုဖုန်း ထောင်ကလွတ်လာပြီးတဲ့နောက် သူတို့နှစ်ယောက်ဆက်ဆံရေးက ဘယ်လိုတွေပြောင်းလဲလာမလဲဆိုတာကတော့...

ZAWGYI









Flying Gulls Never Land [ဘာသာပြန်]Where stories live. Discover now