ကုဖေးကိုယ်ပေါ်ကဒဏ်ရာတွေကိုအကြာကြီး
ငေးကြည့်ပြီးနောက်သူကဆေးသေတ္တာဖွင့်ပြီးအရက်ပြန်ပုလင်းကိုထုတ်လိုက်၏။သူ မေးခွန်း
မေးလိုက်သည်။
"ဟို့ဇီရဲ့လက်ချက်လား။ သူ့ရဲ့သံလက်သီး
ကြောင့် ဒီဒဏ်ရာရလာတာလား။"

"ငလူး!"
ကုဖေးက သူ့ကိုအံ့သြတကြီးကြည့်လာ၏။
"မင်းအဲ့ဒါကိုပြောနိုင်တယ်လား။အိုး...ရွှယ်ပါ့
ကအကြောင်းအရာကိုဆက်စပ်စဉ်းစားတတ်
တာပဲ။...ဒါပေမယ့် ဒါကဟို့ဇီလုပ်တာမဟုတ်
ဘူး။ကျန်းဘင်း။"

"ငါက ခန့်မှန်းကြည့်တာ။"
ကျန်ချန်ကလက်တစ်ဖက်မှာအရက်ပြန်ပုလင်း
ကိုင်ပြီးကျန်တစ်ဖက်နှင့်ဂွမ်းလိပ်ကို ကိုင်လိုက်
၏။ကုဖေးကိုယ်ပေါ်က ဟက်တက်ကွဲနေသည့်ဒဏ်ရာများကိုကြည့်ပြီးမည်ကဲ့သို့သန့်ရှင်းပေး
ရမလဲတွေးလိုက်သည်။ ဒဏ်ရာကို အရက်ပြန်လောင်းထားသောဂွမ်းနှင့်တို့တာကအချိန်ကြာနိုင်သည်။ဒဏ်ရာကို အရက်ပြန်တို့ဖို့ကိုယ်ဟန်
အမျိုးမျိုးပြောင်းပြီးနောက်မေးလိုက်သည်။
"ငါတို့ ဘေးကဆေးခန်းမှာသွားပြီးဆေးထည့်
မလား။"

"ငြင်းတယ်။နေ့လည်ခင်းဆိုအိမ်နားကဦးလေး
နဲ့အန်တီကြီးတွေကဆေးခန်းမှာအမီနိုအက်စစ်
လာတောင်းတော့မှာ။ ဒီအချိန်က အတင်းပြော
ဖို့အကောင်းဆုံးအချိန်ပဲ။ငါတို့ , အခု ဆေးခန်း
သွားရင် လူတိုင်း ငါ သေလုနီးပါးဒဏ်ရာရလာ
တာသိသွားလိမ့်မယ်။ပြီးတော့ ဒဏ်ရာကသိပ်
ကြီးတာလည်းမဟုတ်ဘူး။ဒဏ်ရာပေါ် အရက်
ပြန်လောင်း ပိုးသတ်ပြီးပတ်တီးစည်းလိုက်ရင်
ရတယ်။"

"အိုး။"

"ဒါ...."
ကျန်ချန်သည်ကုဖေး စကားပြောလို့မပြီးခင်
လက်တစ်ဖက်မြှောက်ပြီးသူ့ပခုံးဒဏ်ရာပေါ်အရက်ပြန်လောင်းလိုက်၏။ကုဖေးသည်နှစ်
စက္ကန့်မျှအသံတိတ်သွားပြီးအသက်ပြင်းပြင်း
ရှုလိုက်သည်။
"ငလူးတဲ့မှ,ဖာ့ခ်!။"

"ငါ အရက်ပြန်တစ်ပုလင်းလုံးလောင်းလိုက်တာ။အရမ်းစပ်သွားလား?။"

ကုဖေးက မျက်မှောင်ကြုတ်သည်။
"မင်း ဘယ်လိုထင်လို့လဲ။"

ကျန်ချန်ကသူ့ဒဏ်ရာအားလေမှုတ်ပေးလိုက်
၏။
"အရက်ပြန်စပ်တာခဏပါပဲ။ငါက မင်းဒဏ်ရာ
ကိုသန့်ရှင်းပေးတာလေ ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now