ကျန်းဘင်းသည်ရုတ်ချည်းဒေါသတလိပ်လိပ်
ထွက်လာ၏။သူသည်လက်နှစ်ဖက်အားဆက်
မပိုက်ထားနိုင်ပေ။ကျန်းဘင်းသည်သူ့ရှေ့ခြေ
နှစ်လှမ်းတိုးလာပြီးသူ့မျက်နှာတည့်တည့်လက်
ညိုးထိုးလာ၏။
"မင်း ထပ်ပြောရဲရင် ပြောကြည့်စမ်း။"

"ကစားပွဲမှာ အနိုင်နဲ့ အရှုံး နှစ်မျိုးပဲရှိတယ်။
မင်းကစားချင်ရင်အရှုံးကိုလည်းလက်ခံရဲရ
မယ်။မင်းအကိုက မင်းကို ဒါမျိုးတွေ မသင်
ပေးထားဘူးလား။"
သူတို့ကိုဆေးလိပ်ဖွာရင်းကြည့်နေသည့်ဟို့ဇီက
ကုဖေးအားလှမ်းကြည့်လာ၏။
"မင်းကကစားပွဲမှာအရင်အမှားလုပ်ခဲ့တာ။သူက
အခုမှကျောင်းသားပဲ ရှိသေးတယ်။ ရန်ဖြစ်ဖို့စိတ်
မဝင်စားဘူး။ သူ မင်းကို ဘာမှပြန်မဖြေဘူးမလား။မင်းကအရှုံးကိုဆုပ်ကိုင်ထားပြီးဝန်ခံဖို့ငြင်းနေတာ။အာ,အရင်ကဟို့ဇီရဲ့နောက်လိုက်တွေကအခုလိုမျိုးမဟုတ်ပါဘူး။"

တကယ်တော့ကျန်းဘင်းသည်တိုက်ရည်ခိုက်
ရည်နှင့်ဘက်စကတ်ဘောကို ကစားခြင်းအားကျွမ်းကျင်သူဖြစ်သည်။ သို့သော်,သူ့ပါးစပ်မှ
ထွက်လာသည့်စကားများသည်ကျန်းဘင်းကို
ခက်ခဲသွားစေလိမ့်မည်။ထို့အပြင် ပွဲကြည့်စင်
မှာသူတို့ကိုကြည့်နေတဲ့ပရိတ်သတ်အမြောက်
အများကိုထည့်တွက်ရမည်၊လူကောင်းမဟုတ်
ပေမယ့်၊သူတို့ရဲ့လျှာဖျားထိပ်တွင် 'ကျိုးကြောင်းဆီလျော်မှု' ဆိုသည့်စကားကိုသုံးစွဲနေဆဲဖြစ်၏။
ကုဖေးက စကားဝိုင်းအဆုံးသတ်လိုက်သည့်အခါ ကျန်းဘင်းက နေရာမှာတင်မှင်သက်နေသည်။
ထို့နောက်သူကနီရဲနေသည့်မျက်နှာနှင့် တစ်ဖက်သို့လှည့်ထွက်သွား၏။

နောက်ဆုံးတွင် ထိုသူ့ကို ဒေါသထွက်အောင်လုပ်လိုက်နိုင်၏။ကုဖေးသည်ဟို့ဇီအားလှမ်းကြည့််လိုက်၏။

ဟို့ဇီက ဆေးလိပ် သောက်နေရင်း စိတ်မရှည်
တော့ဟန်ဖြင့်ပြောလာသည်။
"မြန်မြန် စရအောင်။"

ကုဖေးသည်ကျန်းဘင်းအားကြည့်လိုက်၏။
"ဒီနေ့ကစားပွဲမှာ ဘယ်သူ နိုင်နိုင်, ရှုံးရှုံး ဒီမှာတင် တစ်ခါတည်းအဆုံးသတ်မယ်။"

ကျန်းဘင်းက သူ့ကိုမုန်းတီးစွာစိုက်ကြည့်လာပြီး
အံတင်းတင်း ကြိတ်လိုက်သည်။
"ကောင်းပြီ။"

ဆားယယ် [ အရိုင်းဆန်စွာ ပြေးလွှားခြင်း ]Where stories live. Discover now