အပိုင်း ၁၀

1.8K 146 2
                                    

"သူရောက်လာတော့မယ်....."

သူ့ပုခုံးကိုမှီရင်းပြောလိုက်သောညီငြိမ်းစေ၏စကားကြောင့် စိုင်းမော်သွေး ခေါင်းထောင်ကြည့်မိသည်။ယခုသူတို့နှစ်ယောက်သည် စိုင်းမော်သွေးအခန်းထဲရှိကုတင်ပေါ်တွင်ထိုင်နေခြင်းဖြစ်သည်။ညီငြိမ်းစေသည် ယခုသူ့ကိုအရမ်းကပ်နေသည်မှာ ဆန်မုန့်လုံးလေးကဲ့သို့ပင်။

"ဘယ်သူလဲ...."

"ဟိုလူသတ်သမား...."

ရင်ခွင်ထဲမျက်နှာဝှက်ရင်းခပ်အုပ်အုပ်ထွက်သော ချစ်ရသူ၏အသံကြောင့် ပေါင်ပေါ်တွင်တင်ထားသော စိုင်းမော်သွေး၏လက်သီးဆုပ်ကတင်းကြပ်လာခဲ့သလို လည်ပင်းတွင်လဲသွေးကြောစိမ်းများပေါ်လာသည်။

"အဟက်၊ ဒီကောင်ကဒီကိုရောက်နေပြီဆိုမှတော့ စာရင်းရှင်းစရာရှိတာတွေရှင်းရမှာပေါ့..."

"သဘက်ခါ...ငါ့ရဲ့နှစ်ပတ်လည်နေ့၊ သူကနှစ်တိုင်း ငါ့အုတ်ဂူဆီလာနေကြ...ငါ့မိဘတွေရောပဲ၊"

"မင်းသူနဲ့ပက်သက်ပြီးလုပ်စရာရှိရင် သူမနက်ဖြန်ရောက်လာတာနဲ့ အပြီးသတ်လုပ်ပါ၊ ငါ့အုတ်ဂူကိုလာလာနေကြ သူ့ရဲ့ကျက်သရေမရှိတဲ့မျက်နှာကို ငါမမြင်ချင်ဘူး...."

"စိတ်ချပါ၊ ညီငြိမ်းစကားက ကိုယ့်အတွက်အမိန့်ပဲ...ညီငြိမ်းစကားတစ်ခွန်းနဲ့အရာရာဖြစ်စေရမယ်လို့ ကတိပေးတယ်...."

"ငါမင်းကိုယုံပါတယ် မောင်ရာ...."

"ဟင်....ညီငြိမ်း ကိုယ့်ကိုဘယ်လိုခေါ်လိုက်တာ...ပြန်ခေါ်ပါဦး..."

ထိုအခါ ညီငြိမ်းစေသည် စိုင်းမော်သွေး၏ရင်ခွင်ထဲတွင်မျက်နှာလေးကိုဝှက်ထားပြန်ကာ ကိုယ်လုံးလေးကို ဝါဂွမ်းလုံးလေးလိုကျုံ့ကွေးလိုက်လေသည်။နားရွက်ဖျားလေးများကနီရဲကာ ရှက်ရွံ့နေဟန်လေးက စိုင်းမော်သွေး၏နှလုံးသားကိုလက်သည်းလေးနှင့်ကုတ်ခြစ်နေသကဲ့သို့ အသဲတယားယားနှင့်ခံစားလိုက်ရသည်။

"မင်း...မင်းက ငါ့ထက်အသက်ငယ်တယ်လေ...အာ့...အာ့ကြောင့်မို့..."

"ဟားဟား...နောက်လဲအဲ့လိုခေါ်နော်...ကိုယ့်ကောင်လေး..."

"မင်း...မင်းနော်...ငါ့ကိုလိုက်မစနဲ့...."

"ဟားဟား...ဟုတ်ပါပြီ ကိုယ့်ကောင်လေးရာ..."

Photograph (U+Z) [Complete]जहाँ कहानियाँ रहती हैं। अभी खोजें