အပိုင်း ၈

1.7K 145 0
                                    

ခြံထဲတွင်ငြိမ်သက်စွာထိုင်နေသောညီငြိမ်းစေ၏မျက်ဝန်းနက်များကအသက်မရှိသလို အေးစက်နေသည်။‌ခပ်‌ေအး‌ေအး‌ေလတစ်သုတ်ကသူ့မျက်နှာကိုဖြတ်တိုက်သွား‌ေသာ်လဲ မျက်တောင်တစ်ချက်ပင်မခတ်ပေ။ညီငြိမ်းစေ၏မျက်နှာသည် ဖြူဖတ်နေကာ မျက်သားတို့ကလဲ နီရဲရဲနှင့်ပင်။မျက်နှာသေကြီးဖြင့် ကန်ရေပြင်ကိုစိုက်ကြည့်နေသည်မှာကျောချမ်းဖွယ်အတိပင်။

"ညီငြိမ်း...."

သူ့နောက်မှ စိုင်းမော်သွေး၏အသံကြားသည်နှင့် သူ့မျက်နှာသည်အပြုံးတစ်ခုတင်ပြီးသားဖြစ်သွားလေသည်။ ညီငြိမ်းစေသည် စိုင်းမော်သွေးဘက်ကိုလှည့်၍နှစ်လိုဖွယ်ပြုံးပြလိုက်သည်။

"ဘာလဲကွ..."

"ဒီမှာလေ...မင်းအတွက် ငါဓာတ်ပုံရိုက်ပေးမလို့...ကင်မရာပါယူလာတယ်..."

"လျှောက်လည်ကြဦးမလို့လား..."

ညီငြိမ်းစေက ခေါင်းလေးစောင်းပြီးချစ်စဖွယ်မေးသော် စိုင်းမေယ်

"ဟင့်အင်း ဟိုတောင်ကုန်းပေါ်ပဲသွားမယ်..."

"ဟုတ်ပါပြီ...ကဲ သွားကြမယ်လေ..."

ဒီလိုနှင့်ညီငြိမ်း‌ေစသည် စိုင်းမော်သွေး၏စက်ဘီးနောက်ခုံလေးပေါ်ထိုင်ကာ အေးဆေးလိုက်ပါလာခဲ့တော့သည်။သို့သော် တောင်ကုန်းနားမရောက်ခင် စိုင်းမော်သွေး၏ဖုန်းမှ Ringtone ထ မြည်လေသည်။စိုင်းမော်သွေးလဲစက်ဘီးရပ်ကာဖုန်းကိုထုတ်ကြည့်မိသည်။ထိုအခါမှ သူ့အမေက သူ့ကိုface timeခေါ်နေမှန်းသိရသည်။သူလဲဖုန်းကိုanswerနှိပ်ကာ ခပ်မြင့်မြင့်ကိုင်ထားလိုက်သည်။

"သားလေး.အပြင်မှာလား..."

"ဟုတ်တယ်မေမေရဲ့...သားသူငယ်ချင်းနဲ့အပြင်ရောက်နေတာ..."

စိုင်းမေယ်သွေးကပြန်ဖြေလိုက်သည်။ထိုအခါမေမေသည် သူ့ကိုပြုံးပြကာ

"သြော် ဟုတ်ပါပြီ၊ သားသူငယ်ချင်းလေးနဲ့မေမေ့ကိုမိတ်ဆက်ပေးဦးလေ၊ မေမေမြင်ဖူးအောင်လို့..."

ညီငြိမ်းစေမျက်နှာပျက်သွားမိသည်။သူကစိုင်းမော်သွေးဘေးတွင်ရပ်နေခဲ့တာလေ။ဒါကို စိုင်းမော်သွေးအမေက မတွေ့ဘူးဟု ပြော‌ေနသည်မဟုတ်လား။ညီငြိမ်းစေ စိတ်ပူသွားမိသည်။စိုင်းမော်သွေးများရိပ်မိသွားပြီလား။စိုင်းမော်သွေးကိုကြည့်ရတာတော့အေးဆေးပင်။ညီငြိမ်းစေတစ်ယောက် စိုင်းမော်သွေးဘေးတွင်တွေတွေကြီးရပ်ကာစိုင်းမော်သွေးကိုစိုက်ကြည့်နေမိသည်။

Photograph (U+Z) [Complete]Where stories live. Discover now