Extra 1

1.5K 142 2
                                    

ညီငြိမ်းစေကျွတ်လွတ်ပြီး ၅နှစ်အကြာ၊ စိုင်းမော်သွေးအသက် ၂၀ကျော်တွင်ဖြစ်သည်။ညီငြိမ်းစေသည် စိုင်းမော်သွေး၏ဘဝထဲမှထွက်သွားသော်လဲ စိုင်းမော်သွေးကတော့ဖြင့်ညီငြိမ်းစေ၏အငွေ့အသက်အချို့ကိုဖမ်းဆုပ်ထားခဲ့တုန်းပါပင်။ယခုတော့ဖြင့် အနည်းငယ်မျှတည်ငြိမ်လာပြီဖြစ်သော်လဲ ညဘက်များဆိုလျှင်ကြိတ်ငိုတတ်သည့်အကျင့်ကတော့မပျောက်ပါချေ။စိုင်းမော်သွေးသည် သူ့ဦးလေးဖြစ်သူ စိုင်းနိုင်သွေးနှင့်အပြီးပြောင်းနေကာ စစ်ကိုင်းတွင်သာ တက္ကသိုလ်ဆက်တက်ခဲ့သည်။သူ့မိခင်ကတားလိုဟန်ရှိခဲ့သော်လဲ စိုင်းနိုင်သွေး၏ဖြောင်းဖြမှုကြောင့် စိုင်းမော်သွေးကိုလွှတ်ထားခဲ့လိုက်ရသည်။နေသစ်သည် ထောင်ကျသွားပြီဖြစ်သော်လဲ ညီငြိမ်းစေ၏အိမ်နှင့်ခြံကဖြင့် နေသစ်၏နာမည်အောက်တွင်ရှိနေပါသေးသည်။ထို့ကြောင့် ညီငြိမ်းစေ၏အိမ်နှင့်ခြံကိုပြန်ဝယ်နိုင်ရန်အတွက် စိုင်းမော်သွေးတစ်ယောက် ကျောင်းပိတ်ရက်များတွင် သူကျွမ်းကျင်သည့် ဓာတ်ပုံရိုက်ခြင်းပညာဖြင့်အပိုဝင်ငွေရှာခဲ့ပါသည်။

ယနေ့သည် သူရိယနှင့် စိုင်းနိုင်သွေး၏ချစ်သူသက်တမ်းငါးနှစ်ပြည့်သည့်နေ့ဖြစ်သော်လဲ နှစ်ယောက်စလုံးရန်ဖြစ်ကာ မခေါ်မပြောဖြစ်နေကြလေသည်။သူရိယသည် စစ်ကိုင်းတွင်သာအခြေတကျနေရန်စီစဉ်ထားပြီမို့ စိုင်းနိုင်သွေး၏ခြံနားတွင် ခြံဝိုင်းတစ်ခုကိုထပ်ဝယ်ထားလေသည်။သို့သော် နေတာကတော့ စိုင်းနိုင်သွေး၏အိမ်တွင်သာနေလေသည်။ပထမဆုံး၃နှစ်သည် စိုင်းမော်သွေးအတွက်တော့ ဒဏ်ရာကိုဆားနှင့်အပက်ခံရသည့်ကာလများပင်။ချစ်ရသူကြောင့်ပူဆွေးနေရသည့်ကြားထဲတွင် ဦးလေးဖြစ်သူနှင့် အနာဂတ်ဦးလေးလောင်း၏ ချစ်ကြည်နူးတစ်တီတူးပုံတွေကိုမြင်နေရသည်မှာ သိပ်တော့အဆင်မပြေလှပေ။

ယနေ့ out door ထွက်ရိုက်ခြင်းသည် စောစောပြီးသွားပြီမို့ စိုင်းမော်သွေးတစ်ယောက်နေ့ခင်းဘက်ကြီးအိမ်ပြန်ရောက်လာခဲ့သည်။သို့သော် ညဘက်အထိတော့သူနေဖို့အစီအစဉ်မရှိပေ။ကိုသူရိယက ဒီလိုနေ့မျိုးတွင် သူ့ဦးလေးအတွက် ညစာပြင်ပေးကာအတူစားလေ့ရှိသည‌်လေ။သူတို့၏အချိန်ကောင်းလေးတွင်တော့ သူတတိယဘီးလုံးလေးမဖြစ်လိုပါ။ထို့ကြောင့် ဒီနေ့ညတော့ သူ့သူငယ်ချင်းအိမ်တွင်သာအိပ်ရန်စီစဉ်ထားလေသည်။

Photograph (U+Z) [Complete]Where stories live. Discover now