အပိုင်း ၅

1.9K 158 0
                                    

နေ့လည်ခင်းတွင် ဘာမျှလုပ်စရာမရှိသော စိုင်းနိုင်သွေးတစ်ယောက် ပြတင်းဘေးတွင်ထိုင်ကာ ပြတင်းမှလာသောနေရောင်ခြည်ကိုအားပြုလျက်စာဖတ်နေလေသည်။စာအုပ်၏စာမျက်နှာတစ်မျက်နှာချင်းကိုလှန်လိုက်တိုင်းပေါ်လာသောလက်ချောင်းဖြူသွယ်သွယ်လေးများကကျော့ရှင်းနေလေသည်။တစ်ချို့စာမျက်နှာများ‌ေရာက်လျှင်ဖြင့် မျက်မှောင်လေးကြုတ်ကာဖတ်နေပုံကလဲ သူ့ဟာနှင့်သူကြည့်၍ကောင်းလွန်းလှသည်။ထိုမြင်ကွင်းကိုတံခါးအကွယ်မှတစိမ့်စိမ့်ကြည့်နေသူက သူရိယ။

လူက နားချင်နေ၍အလုပ်ကို‌ေန့တစ်ဝက်နှင့်ဖြတ်ကာပြန်လာခဲ့‌ေသာ သူသည် ပြန်ရောက်ကတည်းက အပေါ်ထပ်တွင်သာ အိပ်နေခြင်းဖြစ်သည်။နိုးလာပြီးနောက် ကော်ဖီသောက်ချင်လာ၍အောက်ဆင်းလာသောသူရိယသည် ဧည့်ခန်းထဲရှိတင်းပေါက်နားတွင်စာထိုင်ဖတ်နေသော စိုင်းနိုင်သွေးထံမှအကြည့်ကိုမလွှဲနိုင်ခဲ့ချေ။အလှအပခံစားတတ်သူတစ်ယောက်အ‌ေနဖြင့် ဒီလိုမြင်ကွင်းကိုကျော်သွားရအောင် သူရိယသည် ငချဉ်မဟုတ်ပေ။ထို့ကြောင့် ကြည့်ကောင်းကောင်းနှင့်ကို တစ်စိမ့်စိမ့်လေးဆက်ကြည့်ပေးနေလိုက်သည်။

ပြောရမည်ဆိုလျှင် စိုင်းနိုင်သွေးက သူကြုံဖူး တွဲဖူးခဲ့သမျှယောကျာ်းလေးများထဲတွင် အကျော့ရှင်းဆုံးဟုပြော၍ရသည်။*ယောကျာ်းလေးများ* ဟုပြောရခြင်းသည်အကြေယင်းရှိပေသည်။ဟုတ်ပါသည်၊ သူရိယက offical come out လုပ်ပြီးသား gay တစ်ယောက်။သူ့မိသားစုကလဲ သူ့ကိုမကန့်ကွက်ခဲ့။ဘယ်ကန့်ကွက်ပါ့မလဲ၊ သူ့မိသားစုက ရှေးရိုးစွဲမိသားစုမျိုးမှမဟုတ်တာ။ဖေဖေရော မေမေရောက ခေတ်နှင့်အမှီရင်ဘောင်တန်းကာ ဒီလိုကိစ္စမျိုးကိုလက်သင့်ခံပေးနိုင်ကြသလို မမကလဲ သူ့ဘဝကိုဝင်မစွက်ဖက်ပေ။ဒါ့အပြင် သူcome outလုပ်ရဲခြင်း၏အကြောင်းရင်းမှာလဲ မမ၏အားပေးမှုများကြောင့်အများကြီးပါသည်။

သူစစ်ကိုင်းကို ပြောင်းရွှေ့သွားရမည်ဆိုတုန်းကပင် သူ့အစ်မက ခပ်ရွှတ်ရွှတ်ပြောခဲ့ပါသေးသည်။ဘာတဲ့...

"နင်အဲ့ကိုရောက်ရင်ငါ့သူငယ်ချင်း ငစိုင်းဆီမှာတည်းရမှာ၊ နင်သိလား ငစိုင်းက လုံးဝအဖြူထည်လေးနော်၊ ရုပ်ကလဲချောချောသန့်သန့်လေးရယ်၊အလုပ်အကိုင်ကလဲသူ့အ‌ေနအထားနဲ့သူ၊ ဟော...လူမှုရေးကြပြန်တော့လဲပြေပြစ်၊ "

Photograph (U+Z) [Complete]Where stories live. Discover now