အပိုင်း(၂၅)သူ့အတွက်ဆိုလျှင်

Start from the beginning
                                    

သူ အခန်းအပြင်သို့ ထွက်လိုက်ပြီး အောက်ထပ်သို့ ဆင်းလာလိုက်သည်။

အောက်ထပ် ရောက်သည်နှင့် ဘောင်းဘီအိတ်ထဲမှ ဖုန်းထုတ်ကာ ဖုန်းဆက်လိုက်သည်။

"ဟယ်လို"

"အင်း ငါနဲ့ငယ်လေး ဒီနေ့အပြင်ထွက်မလို့ ခပ်လှမ်းလှမ်းကနေ ကားမောင်းပြီး လိုက်ခဲ့...ငယ်လေး မရိပ်မိစေနဲ့...အန္တရာယ် တစ်စုံတစ်ရာရှိရင် ငါ့ကို ချက်ချင်းအကြောင်းပို့"

ဖုန်းဆက် အမိန့်ပေးပြီးနောက် ဖုန်းချကာ ဆိုဖာပေါ်သွားထိုင်၍ ငယ်လေးအား စောင့်နေလိုက်သည်။

ဖုန်းအားဖွင့်ကာ PS စတော့ရှယ်ယာအား ဝင်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းစွန်းတစ်ဖက် အပေါ်သို့ကွေးညွတ်သွားရသည်။

"ခုထိတော့ အဆင်ပြေနေသေးတာပဲ"

ထို့နောက် ဖုန်းဖြင့် စီးပွားရေးသတင်းများအား ရှာဖွေကြည့်နေလိုက်သည်။ အချိန်အနည်းငယ် ကြာပြီးနောက် အပေါ်ထပ်မှ ငယ်လေး ဆင်းလာသည်။

ဝတ်နေကျပုံစံအတိုင်း အဖြူရောင် ရှပ်အင်္ကျီလက်ရှည်နှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်ထားသည်။

အနားရောက်လာသော ငယ်လေးက သူ့အား ခြေဆုံးခေါင်းဆုံးကြည့်လာသည်။

"ကိုကို ဒီတိုင်းလိုက်မှာလား"

ငယ်လေးစကားကြောင့် ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်သည်။

အနက်ရောင် ရှက်လက်ရှည်ကို ထိပ်ဆုံးကြယ်သီးနှစ်လုံးဖြုတ်ထားပြီး စတိုင်ပင် အနက်နှင့်တွဲဝတ်ထားသည်က အပြင်ထွက်ရန် မသင့်တော်စရာမရှိပါ။

"ဘာလို့လဲ ငယ်လေး"

"ဟီး ဘာလို့မှ မဟုတ်ပါဘူး...ဆံပင်ကိုနောက်လှန်မဖြီးထားဘဲ ခုလိုရှေ့ဆံပင်ချထားတာက အရမ်းလူငယ်ဆန်နေလို့"

"ငယ်လေးအမြင်ဘယ်လိုပုံစံ ပိုကြည့်ကောင်းတယ်ထင်လဲ"

"ပုံစံနှစ်မျိုးလုံး ကြည့်ကောင်းတယ်"

"ဟုတ်ပါပြီဗျာ...စကားတွေတတ်နေလိုက်တာ...ကိုကို မုန့်ဝယ်ကျွေးရတော့မယ်"

စေရာ(Complete)Where stories live. Discover now