ကျွန်တော့်ခြင်ထောင်က အထူသား၊ စီဝိုင်စီဆိုလား ဘာဆိုလား မေမေပြောတာတော့ ကြားဖူးတာပဲ။ အတွင်းကနေ အပြင်ကိုကြည့်ရင် မြင်ရပေမယ့် အပြင်ကနေဆို သေချာကြည့်မှ အတွင်းကို မြင်ရတယ်။ ကျွန်တော်က အအိပ်ကြမ်းတယ်။ မနက်မိုးလင်းလို့ နိုးလာရင် ပုဆိုးကခေါင်းတက်ချိတ်နေတာမျိုး။ ဘောင်းဘီဝတ်ပြီးတော့လည်း မအိပ်တတ်ဘူး။ အိပ်တော့မယ်ဆိုတာနဲ့ အောက်ခံဘောင်းဘီပါမကျန် အကုန်ချွတ်ပြီးမှ ပုဆိုးနဲ့ပဲ အိပ်တတ်တယ်။ မချွတ်ရင်အိပ်မပျော်ဘူး။ ပူသလိုလို၊ စိတ်ကျဥ်းကျပ်သလိုလို ခံစားရတာမို့။ ကျွန်တော်အိပ်ရာနိုးတိုင်း ဖင်ပြောင်နဲ့ဆိုတော့ သူများအမြင်မှာ မတင့်တယ်ဘူး။ တစ်ခါတလေဆို ဟို စကားနားမထောင်တဲ့အကောင်က ထောင်နေတတ်သေးတယ်။ အဲ့ဒါကြောင့် အပြင်ကနေ အတွင်းကို မမြင်ရတဲ့ ခြင်ထောင်နဲ့မှ အဆင်ပြေတယ်။

မောင်ထူးခြင်ထောင်ကကျတော့ ဇာခြင်ထောင်အပါးလေး။ အပြင်ကနေကြည့်ရင် အတိုင်းတိုင်းပဲ။ မောင်ထူးက ကျွန်တော့်လို အအိပ်မကြမ်းဘူး။ ပုဆိုးနဲ့အိပ်တာတောင် ဟိုပေါ်ဒီပေါ်တယ်လို့ တစ်ခါမှမမြင်ဖူးဘူး။ ညကနေ ကွေးကွေးလေးအိပ်နေရင် နိုးလာလည်းကွေးကွေးလေးပဲ။

မောင်ထူးက ကျွန်တော့်ဘက်ကို ကျောပေးထားတယ်။ လက်တစ်ဖက်ကိုမြှောက်ပြီး ဖုန်းကိုင်ထားတာကြောင့် ဖုန်းထဲကနေ တစ်ခုခုကြည့်နေတာဖြစ်မယ်။ ဖုန်းကကြိုးတန်းလန်းနဲ့ဆိုတော့ မောင်ထူးက နားကြပ်နဲ့ နားထောင်နေတာ ဖြစ်ရမယ်။ နားကြပ်က အသံမလုံလို့ ကျွန်တော် ကြားနေရခြင်းဖြစ်တယ်။

မောင်ထူးက ကျွန်တော့်ကိုကျောပေးပြီး ဖုန်းကိုမြှောက်ကြည့်နေတာမို့
ဖုန်းနဲ့ကျွန်တော်က မျက်နှာချင်းဆိုင်ဖြစ်နေတယ်။ သူကြည့်နေတာ ဘာကားမို့ ယောက်ျားတစ်ယောက်ရဲ့ မချိ့မဆံ့ ခံစားနေရတဲ့အသံတွေ ထွက်နေရတာလဲ။ ကျွန်တော်သိချင်စိတ်နဲ့ သူ့ဖုန်းကို အကြည့်ရောက်သွားတယ်။

အောက်ကကောင်လေးက ငိုနေတာမဟုတ်ပေမယ့် မျက်လုံးထဲကနေ အရည်တွေစီးကျနေတယ်။ နာနေလို့ထင်ပါတယ် ပါးစပ်ကလည်း ဟစိဟစိနဲ့ ညည်းသံတွေ ထွက်နေတယ်။ အောက်ကကောင်လေးက အဲ့လိုဖြစ်နေပေမယ့် သူ့ကို စီးမိုးထားတဲ့ တစ်ယောက်ကတော့ မသနားသလို ညှာတာမှုလည်းမရှိပါ။ အောက်ကကောင်လေးထဲကို တစ်ဆုံးထိုးထည့်ပစ်လိုက်တယ်။

မောင်ထူးနဲ့ပေါင်းပြီး ကျွန်တော်ပါထူးသွားတယ် ( Completed)Where stories live. Discover now