အခန်း ၄ (Z + U)

Start from the beginning
                                    

"စောယွန်း "

"ဟုတ်ကဲ့ အကို"

"ဒါလေး…...။"

ဟန်စစ်မင်းက ရွှေရောင်ကနုတ်ပန်းများနှင့်
ယွန်းဗူးငယ်လေး တစ်ဗူးကို ပေးသည်။ 

"ဘာများလဲ ? "

စောယွန်းက ဗူးကို ဖွင့်ကာ စူးစမ်းရင်း မေးသည်။

"တိုင်းရင်းဆေးပ  ၊ ကျောင်းမှာ ကိုယ်ခံပညာရပ်တွေ သင်ကြားတဲ့အခါ အစပိုင်းမှာ
ကိုယ်လက်နာကျင်တာတွေဖြစ်တဲ့အခါ သုံးဖို့ပါ။"

"ကုန်းဘောင်ခေတ်မှာ အကိုဟန်စစ်က အကောင်းဆုံးပဲ !"

စောယွန်းသည်  ဟန်စစ်မင်း၏ လက်မောင်းတစ်ဖက်ကို ကိုင်ကာ  ပျော်ရွှင်စွာ ဆိုသည်။ ဟန်စစ်မင်းက စောယွန်း၏ စကားကို တစ်ဝက်သာနားလည်သော်ငြား ပြန်လည် ပြုံးပြသည်။

စောယွန်းက မြင်းညို၏ ဘေးမှ အိတ်ငယ်တစ်လုံးထဲသို့ ယွန်းဗူးကို သေသေချာချာ ထည့်လိုက်သည်။ ထို့နောက် ဟန်စစ်မင်းဘက်သို့ လှည့်ကာ နှုတ်ဆက်သည်။

"ပြင်ဆင်စရာရှိတာ အကုန်ပြင်ဆင်ပြီးပြီဆိုတော့ ကျွန်တော် သွားတော့မယ်။ ကျန်းမာရေး ဂရုစိုက်ပါဦး။ ပြန်လာတဲ့အခါ လာကြိုဖို့ မမေ့နဲ့ဦးနော်။ "

ဟန်စစ်မင်းက ထူးဆန်းစွာဖြင့် စောယွန်း၏ ပုခုံးတစ်ဖက်ကို အသာအယာ ပုတ်ကာ ဆိုသည်။

“သန္နီနဲ့ နီးတဲ့ ဒေသကို ရောက်ဖြစ်ရင်
ကျောင်းတော်ကို လာခဲ့မယ်။ စောယွန်းလည်း ကျန်းမာအောင်နေပါ။”

စောယွန်းက ခေါင်းညိတ်လိုက်ပြီး ဟန်စစ်မင်းကို ခဏမျှ စိုက်ကြည့်နေမိသည်။  သူ့ကို
အချိန်မရွေး ကူညီလေ့ရှိပြီး တန်ပြန်မေးခွန်းပြန်ထုတ်လေ့မရှိသော သည်းခံတတ်သည့် အကိုအရင်းအချာနှင့် မခြားသော ထိုလူ။ တစ်ဦးတည်းသော သားမို့ သူ့လို စိတ်ထားကောင်းသော အကိုတစ်ယောက်ရှိလျှင် အလွန်ကောင်းမည်ဟု စောယွန်း အမြဲတွေးမိသည်။ ထို့ကြောင့် ၂၁ရာစုတွင်လည်း သည်လူကို အားကိုးမိသည်က ယခုအထိ အကျင့်နှယ်ဖြစ်လာသည်။

"အဟမ်း …...၊ စောယွန်း နောက်ကျနေပြီပ။"

ဖခင်ဖြစ်သူက  မလှမ်းမကမ်းမှနေ၍ ပြောသည်။ 
"ဟုတ်ကဲ့ အဖေ… "

ဟေမန္တအလွန်Where stories live. Discover now