"မြန်မြန်စား နာရီလေးဘာလေးကြည့်ဦး ဒီအချိန်ဆို ကားလမ်းတွေ ကြပ်လိမ့်မယ် သွားရမှာက ပဲခူးနဲ့ပုဂံ"

"ကဲပါ ဒေါ်လေးရယ် ပြောရလွန်းလို့ မောနေပါဦးမယ် ကျွန်တော်လည်း ပြီးပါပြီ အခုပဲ သွားတော့မှာပါ"

"ဟဲ့ နင်အချိုးမကျလို့ နောက်ကနေ အကုန်လိုက်ပြောနေရတာလေ...နေဦး ဆိုင်ကယ် ဆီဝင်ဖြည့်ဦးနော် လေတွေဘာညာလည်း စစ်ဦး"

"အင်းပါ အင်းပါ အကုန်စစ်ပြီးသား သွားတော့မယ်နော် ဒါနဲ့လေ ဒေါ်လေး အာ့လောက်ပွစိပွစိလုပ်နေလို့ ယောကျာ်းမရတာသိလား"

ရှိန်းစစ် အဒေါ်ဖြစ်သူကို စပြီးတာနဲ့ ဆိုင်ကယ်ကို အမြန်မောင်းထွက်လာခဲ့သည်။

အိမ်မှာ ကျန်ခဲ့တဲ့ ဒေါ်လေးကတော့ ဆွေ့ဆွေ့ခုန်နေမှာ အသေအချာ။

ရှိန်းစစ်မှာ ဆိုင်ကယ်ကိုသာ ဂရုစိုက်မောင်းရင်း ကျောင်းကိုသာ အမြန်ရောက်အောင်လာခဲ့တော့သည်။

ကျောင်းရောက်တော့ ဆိုင်ကယ်စတန်းမှာ အပ်ခဲ့ပြီး ချစ်လှစွာသော သူငယ်ချင်းနှစ်ကောင်ထိုင်တဲ့ ကင်းတင်းန်က စားသောက်ဆိုင်ကိုသာ လာခဲ့သည်။

"ဟော ဟိုမှာ ပြောရင်းဆိုရင်း ကြွလာပါပြီ"

"မင်းကလည်း နောက်ကျလိုက်တာ ငါတို့စောင့်နေတာ ကြာပေါ့"

ရှိန်းစစ်ထိုင်တောင်မထိုင်ရသေးဘူး ထောပနာပြုနေတဲ့ နှစ်ကောင်ကို အသေသာ ထုချပလိုက်ချင်သည်။

"ငါလည်း အမြန်မောင်းလာတာပဲ မင်းတို့လို နှာဘူးထဖို့အတွက်နဲ့တော့ ​ေ-ာက်စောကြီး မလာနိုင်ဘူး သားလေးတို့ရေ"

"ချီးတဲ့မှ သားလေးပါ့လား ပြီးတော့ ငါတို့က အလှတရားတွေကို ခံစားနိုင်စွမ်းရှ်တာပါကွာ မင်းလို ရေခဲနှလုံးသားမဟုတ်ဘူး လဒရေ"

ချမ်းငြိမ်းကပြောတော့ ထက်ရှိုင်းကပါ ခေါင်းညိမ့် ထောက်ခံသည်။
ရှိန်းစစ်လည်း မနိုင်ဘူးဆိုတဲ့ သဘောနဲ့ ခေါင်းကို ခါယမ်းလိုက်သည်။
ထို့ကျမှသာ သူတို့စားပွဲမှာ သူတို့သုံးယောက်အပြင် နောက်ထပ်တစ်ယောက်ရှိနေသေးတာကို သိလိုက်ရသည်။
ထို့မှသာ

You've reached the end of published parts.

⏰ Last updated: Nov 02, 2020 ⏰

Add this story to your Library to get notified about new parts!

Story Collection ( zawgyi & unicode )Where stories live. Discover now