《 Spring in my Heart 》

1.6K 141 14
                                    

[Unicode]
နှလုံးသားထဲက နွေဦးလေး

"ဟွားရှား" အင်တာတိန်းမန့်လုပ်ငန်းစု၊ တစ်ခုသော စတူဒီယိုခန်းအတွင်း၌။

ထိန်လင်းနေသောမီးရောင်များ ၊ ဘက်ပေါင်းစုံမှ ချိန်ရွယ်ထားသော ကင်မရာများ ၊ နှစ်လိုဖွယ်အပြုံးတစ်ခုနှင့် မေးခွန်းများ မေးလျက်ရှိတဲ့ အစီအစဉ်တင်ဆက်သူ မိန်းကလေး .. ။

ကျွန်တော့်အတွေးတွေကတော့ တိမ်တွေလို လွင့်မျောသွားလိုက် ၊ ပြန်ရောက်လာလိုက်ပါပဲ။

"ဆရာ ဒီတခေါက် တရုတ်ပြည်ကိုပြန်လာတာက ဒီမှာပဲ အခြေချဖို့လို့လည်း ကြားရပါတယ်။ တကယ်ပဲလား ဆရာ"

"ဟုတ်ပါတယ်"

"ဆရာ့ပရိတ်သတ်တွေတော့ ပျော်နေတော့မှာပါပဲ။ 'Spring in my Heart' ကိုရော အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေဦးမှာလားဆိုတာ သူတို့ သိချင်နေကြတယ် ဆရာ"

"တရုတ်ဘာသာနဲ့ပဲ ထုတ်ဝေမှာပါ။ ပြီးတော့ ဒီတကြိမ်ပါပဲ။ ဒုတိယတကြိမ် ထပ်ပြီး ထုတ်ဝေမှာမဟုတ်ဘူး"

" 'Spring in my Heart' စပြီး အော်ဒါကောက်တဲ့နေ့ရောက်ရင်တော့ ဆရာ့ပရိတ်သတ်တွေ ကျိတ်ကျိတ်တိုးနေမှာ မြင်ယောင်မိပါသေးတယ်"

"ကျေးဇူး"

"ဒါနဲ့ဆရာ .. ဒီစာအုပ်က ဆရာ့ရဲ့အချစ်ဦးအကြောင်း ရေးထားတာလို့လည်း ပြောကြတာကြားမိတယ်။ အဲ့ဒါ အမှန်ပဲလား"

"အမှန်ပါပဲ"

"စိတ်မရှိရင် ဆရာ့ရဲ့ အချစ်ဦးအကြောင်း ပရိတ်သတ်တွေဆီ မျှဝေပေးနိုင်မလား ဆရာ။ အားလုံးလည်း သိချင်နေကြမယ်ထင်တယ်"

ရုတ်တရက် တိမ်တွေလိုလွင့်မျောနေတဲ့ ကျွန်တော့်အတွေးတွေလည်း တစ်နေရာထဲသို့ ပြန်စုစည်းလာသည်။ တခဏလောက်တော့ ကျွန်တော် တုံ့ဆိုင်းသွားမိသည် ထင်၏။ အစီအစဉ်တင်ဆက်သူ မိန်းကလေးကလည်း စိတ်ရှည်လက်ရှည် စောင့်နေပေးသည်။

ကျွန်တော် ပြုံးကာ ပြန်ဖြေလိုက်သည်။

"ရပါတယ်"

Miracle || OneShotsΌπου ζουν οι ιστορίες. Ανακάλυψε τώρα