တစ်ယောက်တည်း ရပ်တည်ရတာက ထင်ထားတာထပ် ပိုပင်ပန်းတယ်။လက်လွတ်ခဲ့မိတဲ့ မျက်ဝန်ညိုလေးတွေကိုတော့ လွမ်းမိသား။
မင်းသာ အနားမှာ ရှိမယ်ဆို ဒီလောက်စိတ်ပင်ပန်း
ရမယ်မထင်ဘူး။

လွတ်မြောက်မယ်အထင်နဲ့ ထွက်ပြေးခဲ့မိတယ်။
စိတ်အစုံက မင်းရဲ့မျက်ဝန်းတွေထဲမှာ ပိတ်လှောင်
နေမိဆဲပဲ အချစ်ရယ်....

-----------------------------

အလုပ်ချိန်မှီအောင် အူးယားဖားယားပြေးလာရတဲ့
ရှောင်းကျန့်က မီးပွိုင့်ရောက်တော့ လူသွားလမ်းက
မီးနီနေသေးတာမို့ ရပ်စောင့်နေရသည်။

ညက မပြီးသေးတဲ့အလုပ်တွေ လက်စသပ်ရင်း
အတော်ညဥ့်နက်သွားတာမို့ မနက်အိပ်ယာထ
နောက်ကျသွားခြင်းပင်။

နာရီကို တကြည့်ကြည့်နဲ့ တော်ရုံနဲ့မစိမ်းတဲ့မီးကို
ရှောင်းကျန့် စိတ်မရှည်တော့။

မျက်လုံးက ဘေးဘီကို ဝေ့ကြည့်မိတော့ ရင်းနှီးနေတဲ့ မျက်နှာကို မြင်လိုက်မိတာကြောင့် ရှောင်းကျန့်
ထောင့်တစ်ထောင့်မှာ အမြန်ဝင်ပုန်းလိုက်သည်။

ဒီမျက်နှာက...လုံးဝမမှားနိုင်ဘူး။ဝမ်ဟောက်ရွှမ်းပဲ။
သူက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ။
ငါဒီမှာ ရှိနေတာကို သိလို့များ လာရှာတာလား။
မဖြစ်နိုင်ဘူးမလား။လေးနှစ်တောင် ကြာပြီလေ။
အခုချိန်ထိတော့ ငါ့ကိုလိုက်မရှာနေလောက်ဘူးမလား။

ပုန်းနေရာကနေ ခေါင်းလေးစောင်းပြီး ခိုးကြည့်မိတော့ ဆေးရုံရှေ့မှာရပ်ပြီး ဆရာဝန်တစ်ယောက်နဲ့
စကားပြောနေတာကို မြင်လိုက်ရတယ်။

ဟောက်ရွှမ်းက ဘာလို့ဆေးရုံကိုလာရတာလဲ။
Tokyoအထိလေ...။သူ့ပုံစံကြည့်ရတာလည်း သန်သန်မာမာပါပဲ။ဒါဆို ဘယ်သူဘာဖြစ်လို့လဲ။
ကျိရန်များ တစ်ခုခုဖြစ်လို့လား။

ဒါမှမဟုတ်......ဟင့်အင်း.....ဝမ်ရိပေါ်တော့မဟုတ်ဘူးမလား။ဝမ်ရိပေါ်ကတော့ ကျန်းကျန်းမာမာနဲ့ အဆင်ပြေပြေ ရှိနေမယ်မလား။

ဝမ်ရိပေါ်နဲ့ပတ်သတ်ရင် အသေးအမွှားလေးကအစ
စိုးရိမ်လွန်တတ်တဲ့ ရှောင်းကျန့်က လေးနှစ်လုံးလုံး
ဝမ်ရိပေါ်အကြောင်းကို မစုံစမ်းခဲ့မိလို့ နောင်တရချင်လာတယ်။

When You Were Mine(Completed)Where stories live. Discover now