🔇Silence_22🔇

Start from the beginning
                                    

သူ.. မင်ယွန်ဂီဆိုတဲ့သူက ကျွန်တော်ကိုလိုက်ရှာပေးခဲ့တယ်

အတွေးများပင်မဆုံးလိုက် လက်တစ်ဖတ်အားခပ်ကြမ်းကြမ်းဆွဲခေါ်သွားခြင်းခံရသည်မို့ မပြေးရယုံတမယ်သာလိုက်ပါသွားခဲ့ရသည်

ပုံမှန်အရှိန်ထက်ကျော်လွန်နေတဲ့ ကာအရှိန်ကိုကြည့်ရင် ခပ်တင်းတင်းဆုပ်ထားတဲ့လက်တွေကိုကြည့်ရင် သူဘယ်လောက်စိတ်တိုနေသည်ကို ခံမှန်စရာပင်မလို

အိမ်ပြန်ရောက်သည်နှင့် ကျွန်တော်ကိုယ်တိုင်ပင်ကားတံခါးဖွင့်ဆင်းသည်ကိုမစောင့်နိုင်ပါပဲ ကားတံခါးအားခပ်ကြမ်းကြမ်းဆွဲဖွင့်ပြန်ကာ အပေါ်ထပ်သို့ဆွဲခေါ်သွားပြန်ခဲ့တဲ့သူ

အခန်းထဲရောက်သည်နှင့် ကျွန်တော့်လက်အားလွှတ်ချကာ ကျောခိုင်သွားတဲ့ သူ့ကျောပြင်ကျယ်က အသက်ရူသံခပ်ပြင်းပြင်းဟာ ပျံလွင့်လာ၏

ကျွန်တော်ကြောက်မိသလိုပဲ သူအရမ်းစိတ်တိုနေတယ် ဒါပေမဲ့လည်းအရဲစွန့်ကာ

"ကျွန်တော်..~~ခင်များထင်သလိုမဟုတ်ပါဘူး.."

"...."

"ကျွန်တော်~~~ခင်များစကားကို..."

တိကနဲ့တိတ်ကျသွားတဲ့ကျွန်အသံဟာ မင်ယွန်ဂီရဲ့ မျက်ဝန်းစူစူအောက်မှာ

"ဘယ်သူလဲ"

"ဟင်"

"ငါမေးနေတဲ့ အဲ့ဒီအကောင်ကဘယ်သူလဲလို့ ဟမ်!!"

ကျယ်လောင်စွာထွက်ပေါ်လာခဲ့တဲ့ အသံအဆုံး ခန္ဓာငယ်လေတစ်ချက်တုန်တတ်သွားခဲ့သည်ကို အတိထားမိပေမဲ့

အခုချိန်မှာသူဟာ အပြစ်လုပ်ထားခဲ့တဲ့သူ ကျွန်တော့်စကားတွေကို အမြဲလျစ်လျှူရူခဲ့တဲ့သူ

အခုချိန်မှာ အဲ့ဒီလူယုတ်မာနဲ့သူနဲ့ပတ်သက်မူကို မသိရရင်ကျွန်တော်ရူးသွားနိုင်တယ်

မထင်မှတ်ထားပဲကြားသွားခဲ့ရတဲ့စကားဝိုင်ကြောင့် ကျွန်တော်ခပ်မြန်မြန်ပင် သူစောင့်နေမဲ့နေရာကိုအပြေးလာခဲ့မိပေမဲ့ သူကရှိမနေခဲ့ဘူး

သန့်စင်းခန်းသွားသည်ဖြစ်မှာပါဟု ဖြေတွေးကာစောင်နေမိသေးပေမဲ့ ထိန်ချုပ်ထားတဲ့ဒေါသတို့က မိနစ်တို့ပြောင်းလဲလာခဲ့သည့်တိုင် ‌ပေါက်ကွဲစပြုလာလေပြီး

🔇 SILENCE 🔇Where stories live. Discover now