အခန်း(၄၃) ထပ်ကိုက်ကြည့်...!

3.8K 371 1
                                    

ဒါမှမဟုတ် သူ ဘာမှမပြောင်းလဲဘူး၊ သူတစ်ခုခုကို ကောင်းကောင်းကြီး ဖုံးကွယ်ထားတာ...ဒါကြောင့် သူမ သူ့အရာအားလုံးကို ဘယ်တော့မှ မသိရဘူး။

နန်ရှီလေး လုထင်းရှောင်ရဲ့လက်က အကွင်းလိုက်သွားရာကြီးကိုတွေ့တော့ ဘာမှမစဉ်းစားပဲ မေးမိတယ် , "လု...လု ထင်းရှောင် ... ရှင့်လက်က ဘာဖြစ်တာလဲ?"

လုထင်းရှောင်ကတော့ ဒီသွားရာဖျော့ဖျော့သေးသေးလေးကို ကြည့်လိုက်တယ်...ထို့နောက် သူမကို ပြုံးတုံးတုံးဖြင့် ကြည့်လာ၏။ "မင်းဘယ်လိုထင်လဲ?"

နန်ရှီ တံတွေးမျိုချလိုက်တယ်။ "အယ်... ဒီသွားရာတွေက ... ကြည့်ရတာ မြင်ဖူးသလိုလိုဖဲ. . . "

လုထင်းရှောင်က ချီးကျူ းလိုက်တယ်။ "Good eyes"

"အဟွတ်...Thanks" နန်ရှီ အားနာနာနဲ့ပြုံးပြလိုက်ပြီးတော့ ဂရုတစိုက်နဲ့ ထပ်မေးတယ် , "အဲ့ဒါ ကျွန်မလား?"

"ယို့ ... ကိုယ် မင်းကို စွပ်စွဲမယ်ထင်နေတာလား? ဒါတွေတူမတူသိရအောင် မင်းနောက်တခါ ထပ်ကိုက်ကြည့်လေ" , ပြောပြောဆိုဆိုပါပဲ...လုထင်းရှောင်က သူ့လက်တဖက်ကို ထုတ်ပေးလာသည်။ 

နန်ရှီ သူမလိပ်ပြာသူမ,မလုံဘဲ လက်ကာပြလိုက်ရတယ်။ "မလိုဘူး...မလိုဘူး...အဲ့ဒါ ကျွန်မပဲ! ကျွန်မလုပ်တာ! ဒါနဲ့လေ...အာ့ပြီးတော့ နောက်ထပ်... မနေ့ညက ကမ္ဘာကြီးဘာဖြစ်သွားသေးလဲ? ကျွန်မ မှတ်မိတာကတော့ အိပ်သာထဲသွားခဲ့တယ်ဆိုတာပဲ၊ အရာအားလုံးမွစာကြဲသွားတယ် .... ခဏမှေးခနဲဖြစ်သွားပြီး အားလုံးဝေဝါးသွားတယ်၊ ကျွန်မ အဲ့ဒီကနေ ဘယ်လိုထွက်လာသလဲ?"

"မင်း မိန်းကလေးအိပ်သာထဲမှာ အသိလွတ်သွားတယ်...ကိုယ် မင်းကို အဲ့ဒီကနေ ခေါ်ထုတ်လာတာ...မင်းက ကိုယ်နဲ့အတူ မသွားချင်ဘူးဆိုပြီး ကိုက်တယ်" , လုထင်းရှောင် လိုရင်းတိုရှင်းပဲ ဖြေသွားသည်။ 

နန်ရှီ ခေါင်းရှုပ်သွားတယ်။ "ရှင်... ရှင် မိန်းကလေးအိပ်သာထဲဝင်တာလား?" 

သူမ ခွင့်မလွှတ်နိုင်စရာ အပြစ်ကြီးတစ်ခုကျူ းလွန်မိလိုက်ပြီဆိုတာကို တကယ် ဝန်ခံချင်ပါတယ်! မိစ္ဆာဘုရင်ကြီးက သူမအတွက် အနစ်အနာခံလိုက်ရတာ များပြားလွန်းတယ်...

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now