အခန်း(၇၅) *[၁]ပျားရည်ထောင်ချောက်

3.5K 299 22
                                    

လုထင်းရှောင်က အဲ့ဒီမှာ "နောက်ဆုံး တရားစီရင်ချက်" ဇာတ်ကနေတာကို ... ဘာလို့ သူမက သူတို့ကို သွားကယ်သင့်ရတာလဲ?

လုကျင်းလီ ဖုန်းဆက်လာမှုကလည်း လုံးဝကို အဓိပ္ပါယ်မရှိတာ!

အစက နန်ရှီ ယုန်ကလေး နှာစေးသလို နေလိုက်မလို့ပဲ၊ ဒါပေမယ့် ဘာမှန်းမသိတဲ့ အကြောင်းကြောင့် သူမစိတ်ထဲမှာ အပြစ်မကင်းသလို ခံစားချက်ကြီး ဖြစ်နေ၏ . . .

# အာ ... shit! ငါလေးက ဘာလို့ ဂရုစိုက်ပေးရမှာလဲ? #

သူမ ထိုကိစ္စကို ထားရစ်ဖို့ ဆုံးဖြတ်လိုက်တဲ့ တခဏ ... လုကျင်းလီက သူမထံ ဗီဒီယိုတစ်ခုကို ထပ်မံပေးပို့လာခဲ့လေသည်။

ဗီဒီယိုထဲတွင် လုထင်းရှောင်ရဲ့ ရေခဲရိုက်မျက်နှာကြီးဟာ screen ပေါ်ကနေ သတ်မတတ်,ဖြတ်မတတ် စူးစိုက်ကြည့်ရှုလာ၍ နန်ရှီ့အား လန့်ဖြန့်သွားစေမိ၏။ သူမ အနည်းငယ်လောက် ကြောင်တောင်တောင်လေး စိုက်ကြည့်မိပြီးသွားမှ သူက လုကျင်းလီကို ကြည့်နေမှန်း သဘောပေါက်သွားမိပေသည်။

"လုကျင်းလီ ... ဒီအဆိုပြုချက်ကို နာရီဝက်အတွင်း ပြန်ပြင်လိုက်၊ ဒီမှာပဲလုပ်; အေး ... သတ်မှတ်ချိန်တွင်း မပြီးခဲ့ရင်တော့၊ ဘဏ္ဍာရေးဌာနကို သွားပြီး မင်းရဲ့နောက်ဆုံးလခကို သွားယူလိုက်တော့!"

ထို့နောက် screen က မည်းသွားတော့၏။

Screen မမည်းခင် စက္ကန့်ပိုင်းလောက်က လုကျင်းလီရဲ့ သွေးပျက်မတတ် အော်ဟစ်ကာ အကူညီတောင်းသံကို သူမ ကြားမိလိုက်သလိုပင်....

သူမလို အပြင်လူတစ်ယောက် အနေနဲ့တောင်မှ အဆိုပြုချက်တစ်ခုကို နာရီဝက်အတွင်း ပြန်ပြင်လို့မရမှန်း သိနေတာကို။

ဒါပေမယ့်!

သူ့ကို ဘယ်လိုကယ်ရမလဲဆိုတာ သူမ တကယ်ကြီးကို မသိရေးချ မသိတာပါ!

နန်ရှီ ခေါင်းတစ်ခုလုံး ချာလပတ်လည်သွားလေ၏၊ ပြီးတော့လည်း သူမစိတ်ထဲမှာ *[၂]ဆွန်ဇူး၏ စစ်နည်းဗျူ ဟာသုံးဆယ့်ခြောက်ချက် တစ်အုပ်လုံးအား လှန်လျောကြည့်ရလေတော့သည်....

ရန်သူကိုယ်တိုင် ခြေကုန်လက်ပမ်းကျမဲ့ အချိန်ကောင်းကို စောင့်ရမလား? အဲ့လိုဆိုရင် လုကျင်းလီ သရဲအဖြစ်နဲ့ ငါလေးကို ဂုတ်ချိုးသတ်လိမ့်မယ်!

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now