အခန်း(၃၂) ဇာတ်ရှုပ် EX များ

3.8K 410 1
                                    

"ဒါမဟုတ်သေးဘူး, ကျွန်တော် အကြည့်မှားသွားတာပါ..." ကံအားလျော်စွာ နန်ရှီ့တုန့်ပြန်မှုကို မစောင့်ဘဲ သတင်းထောက်က သူ့မေးခွန်းကို ပြန်ရုတ်သိမ်းသွားတယ်။

ဘာကြောင့်ဆို နန်ရှီဟာ Starlight လက်အောက်က အနုပညာရှင်တစ်ယောက်မှန်း သူ သေချာမှတ်မိတယ်လေ ... ဒါကြောင့်မို့ Glory World Entertainment မှ ဆုယီမို့ရဲ့ကိုယ်ပိုင်စတိုင်လစ်က သူမကို စတိုင်ပြင်ပေးဖို့ဆိုတာကြီးက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာတဲ့လဲ?

နန်ရှီ စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်တယ်။ သူတို့တွေက တူညီတဲ့ဒီမေးခွန်းမျိုးတွေ ဆက်မေးလာမှာ ကြောက်လို့ နန်ရှီ အရင် စကားစလိုက်တယ်, "ဒီနေ့က <The World> အတွက် ဖွင့်ပွဲအခမ်းအနားတစ်ခုပါ ... အကုန်လုံး ဇာတ်ကားနဲ့ဆိုင်တဲ့ မေးခွန်းမျိုးတွေကိုပဲ မေးစေချင်ပါတယ်!"

"ဒါဆို... မစ်နန်, ဒါက ရှင့်အတွက် ပထမဆုံးဇာတ်ကားလား၊ မေးပါရစေ?" လူအုပ်ထဲမှတစ်ယောက်က မေးလာခဲ့တယ်။

"မဟုတ်ပါဘူးရှင့်. ကျွန်မက တက္ကသိုလ်တက်ကတည်းက စတင်ပြီး သရုပ်ဆောင်ခဲ့တာပါ...ဒါမဲ့ ကျွန်မရဲ့အခန်းတွေက သိပ်များများမပါခဲ့ဘူးလေ. ဒါမို့ ဘယ်သူ့မှ ကျွန်မကို မမှတ်မိကြတာပါ" , နန်ရှီက ရိုးရိုးသားသားပဲ ဖြေလိုက်တယ်...သူမ အားလုံးကိုအကျဉ်းချုပ်ပြီး ပြောပြဖို့တော့ စိတ်ကူးမရှိပါဘူး။

သတင်းထောက်တွေက သူမအတိတ်ကို တူးဆွဖို့ ကြိုးစားနေကြတော့လဲ ... ဘာကြောင့်မို့ ရိုရိုကျိုးကျိုး မတုန့်ပြန်နိုင်ရမှာလဲ?

"အရင်က မစ်နန် ဘယ်လို role အမျိုးအစားတွေကို သရုပ်ဆောင်ခဲ့ပါသလဲ?"

ဒါက အခြေခံကျလွန်းတဲ့ မေးခွန်းတစ်ခုပါ ... ဒါပေမယ့် နန်ရှီအတွက်တော့ ဒါက အနည်းငယ် အနေခက်စေသည်။ သို့ပေမယ့်လည်း သူတို့တွေက အမေးရှိလာမှတော့ သူမ မဖြေလို့မရတော့ဘူး။

"Role တော်တော်များများကို ကျမလုပ်ခဲ့ပြီးပါပြီ..." နန်ရှီဟာ ပြည်ပမှပြည်တွင်းကို ပြန်လာတဲ့အချိန်ကစပြီး သူမ စတင်သရုပ်ဆောင်ခဲ့တဲ့ role အားလုံးကို စာရင်းပြုလိုက်တယ်။

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyWhere stories live. Discover now