အခန်း(၄၂) Good Night, My Girl

Comenzar desde el principio
                                    

လုထင်းရှောင်ရဲ့ နီမြန်းနေတဲ့ သူငယ်အိမ်တွေလည်း ရုတ်တရက် မူလအနက်ရောင်ဆီ ပြန်ပြောင်းသွားတော့တယ်။ သူ့ရင်ထဲက တောက်လောင်နေတဲ့ ဒေါသတွေလည်း ကွယ်ပျောက်သွားတော့တယ်။

ဟ. . . သူ တကယ် ရူးနေပြီလား။ သူ မူးနေတဲ့သူကို ဘာလို့ ဒေါသထွက်နေမိတာလဲ။

သုံးရက်ပဲ ရှိသေးတယ်။

သူတို့တွေ့ခဲ့ကြတာ သုံးရက်တည်းရှိသေးတာ။

သူ ဘာလို့ အလျင်လိုနေမိတာလဲ။

ဒီမိန်းကလေးကို သူ ကြိုက်နှစ်သက်နေမိပုံက လုံးဝ ဆင်ခြေတုံတရား မရှိတော့သလိုမျိုး။

သူ သူမကို ပထမဆုံးအကြိမ်တွေ့တုန်းကဆို၊ သူ ပျောက်ဆုံးသွားခဲ့တဲ့ အရာတစ်ခုကို ပြန်ရှာတွေ့ရသလို ခံစားမိတယ်။

သူတို့ ပထမဆုံးတွေ့ဆုံခြင်းဖြစ်နေပေမယ့် အရင်ကတည်းက ကျွမ်းဝင်ဖူးသလို ခံစားရတယ်။

အဲ့ဒီ့ဘားက စတိုခန်းကနေ သူ သူမကို ပွေ့ချီလာတုန်းကဆို သူ့ဘဝမှာ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းတစ်ခုကို ပြန်တွေ့လိုက်ရသလိုမျိုး၊ သူ မသိလိုက်ဘဲ ပျောက်သွားမိတဲ့ ရတနာတစ်ခုကို ပြန်ရလိုက်သလိုမျိုး ခံစားချက်တွေ သူ ရမိတယ်။

အခုချိန်မှာတော့ သူမကို သူ့အပိုင် လုံးလုံးဖြစ်အောင် သိမ်းပစ်လိုက်ချင်တာ။

ဒါပေမယ့် သူ သူမကို မဆုံးရှုံးချင်ဘူး၊ ဒါကြောင့်မို့ သူ စောင့်ရမယ်။

လုထင်းရှောင် ကားနောက်ခန်းကနေ စောင်နဲ့ ခေါင်းအုံးကို လှမ်းယူပြီး သူမအတွက် ခုပေးခြုံပေးလိုက်တယ်။ အဲကွန်းကိုလည်း အပူချိန်ညှိထားလိုက်ပြီး သူမ နံဘေးလှဲလိုက်ကာ နဖူးကို အသာနမ်းလိုက်တယ်။

“Good night, my girl.”

နောက်တစ်နေ့ မနက်။

နန်ရှီ နိုးလာတော့ ရင်ခွင်နွေးနွေးတစ်ခုတွင်းမှာ။

သူမ လက်တစ်ဖက်နဲ့ မျက်လုံးတွေကို ပွတ်ကြည့်လိုက်တယ်။ သူမ အပေါ်က ပြူ တင်းအပေါက်မှာ သစ်ရွက်စိမ်းတွေ အဆုပ်လိုက်အုပ်မိုးနေတယ်။ နွေးထွေးတောက်ပတဲ့ နေရောင်ခြည်ဟာလည်း သစ်ရွက်တွေကြားကနေ ကွက်ပျောက်ထိုးကျနေကာ သူမကိုယ်ပေါ်ကို အနွေးဓာတ်တွေ ဖြန့်ဝေပေးနေတယ်။ ငှက်ကလေးတွေရဲ့ တွန်ကျူ းသံ သာသာယာယာကိုလည်း ကြားရ. . . 

အမ်. . . သူမ ဘယ်ရောက်နေတာလဲ။

သူမ ခေါင်းပြန်ငုံ့လိုက်ပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်တော့မှ သူမ ကားထဲမှာ အိပ်နေခဲ့တာကို အံ့အားသင့်လောက်စရာ သိလိုက်ရတယ်။ ပိုပြီး တိတိကျကျပြောရရင်၊ လုထင်းရှောင် ရင်ခွင်ထဲမှာပေါ့။

လ to the ခွမ်းတွေပဲ. . . !

နန်ရှီ အသည်းအသန် ထပြေးဖို့ လုပ်တယ်။ အလုပ်ကောင်းပြီး ပျာယာခတ်တော့ ကားအမိုးနဲ့ သူမ ခေါင်း ညားပါလေရော။ နာလွန်းလို့ သူမမှာ အံတောင်ကြိတ်နေရတယ်။

သူမ… လုထင်းရှောင်… ကားထဲမှာ…

သေပါပြီ... မနေ့က ဘာတွေဖြစ်ခဲ့တာလဲ... သူမ နိုးလာတာနဲ့ အနေအထားက ဘာလို့ ဒီလိုတွေ ဖြစ်နေရတာလဲ...

ဒီလိုအခြေအနေမျိုးမှာ အထင်မလွဲဘဲ နေဖို့က ခပ်ခက်ခက်ရယ်. . . !

"ဘာတွေ တွေးနေတာလဲ. ."

နန်ရှီ စိတ်ပူပူနဲ့  လက်ချောင်းကိုက်နေမိတဲ့အချိန်ဆိုတော့ သူမ ယောင်ယမ်းကာ ပြန်ဖြေမိတယ်။ "မိစ္ဆာဘုရင်ကြီးနဲ့ ငါနဲ့ မနေ့ညက မူးပြီး ကားထဲမှာ sex များ လုပ်မိသလားလို့ ပြန်တွေးနေတာ. . အိ ကြောက်စရာကြီး . . "

"မိစ္ဆာဘုရင်ကြီး. . ကား sex . .? မင်း ပြောသလိုသာ တကယ်ဖြစ်ခဲ့မယ်ဆိုရင် ခုလို နိုးနိုးချင်း ထခုန်ပြီး ဟိုတွေး ဒီတွေး တွေးနိုင်ဖို့ အားရှိဦးမယ်ထင်လား..." ထိုသူ့အသံအရဆို သူ ဒေါသတွေကို ချုပ်တည်းထားရလွန်းလို့ သွားစေ့ပြီး ထွက်လာတဲ့အသံနဲ့ ပြောနေမှန်း သိသာနေတယ်။

"အား - " နန်ရှီ လုထင်းရှောင် နိုးနေတာကို တော်တော်ကြီးနောက်ကျတော့မှ သိလိုက်ရတယ်လေ။ သူမ လန့်လွန်းလို့ ထပ်ပြီး ထခုန်မိတာ ကားခေါင်မိုးနဲ့ ထပ်ဆောင့်မိတော့မလို့။ ကံကောင်းတာက၊ လုထင်းရှောင်က ဒါတွေကြု ိုမြင်ပြီး သတိထားနေတာမို့ သူမ ခေါင်းကို သူ့လက်ဖဝါးနဲ့ ကာပေးလိုက်တယ်။

"မစ္စတာ. . . မစ္စတာလု. . ."

"ကိုယ့်နာမည်ပဲ ခေါ်ပါ..." လုထင်းရှောင် လေသံက အနည်းငယ် အေးစိမ့်နေသည်။

သူမ သူ့ကို စိမ်းစိမ်းကားကားဆက်ဆံချင်တဲ့အခါ မစ္စတာလုလို့ ခေါ်ပြီး သူမ သူ့ကို ကြောက်နေတဲ့အခါ သူဌေးလုလို့ ခေါ်တတ်တယ်။ ဒါမျိုးတွေ သူ လုံးဝ မနှစ်သက်။

နန်ရှီကတော့ သူမပဲ အာရုံမှားရနေမိတာလားလို့ တွေးနေမိတယ်။ ဒါပေမယ့် တစ်ညဆိုတဲ့ အချိန်လေးအတွင်း လုထင်းရှောင် တစ်ခုခု ပြောင်းလဲသွားသလိုပဲ . . . ။

___________^_^__________

Burmese Translation of
囧囧有妖's Fullmark Hidden Marriage.

[Helping me to Translate - No_coz]

သားတစ်ယောက်ဆို...အဖေလိုက်ပွဲ!အတွဲ၁ [မြန်မာဘာသာပြန်] UnicodeOnlyDonde viven las historias. Descúbrelo ahora