ဇာတ်သိမ်း

Start from the beginning
                                    

"ကျွန်မက နောင်ဘ၀တွေမှာ ဖြစ်လာမဲ့ကိစ္စတွေကို မကြောက်ဘူး…ဒီဘ၀မှာ ကျွန်မဘ၀ထဲ အစ်မ မရှိတော့မှာကိုဘဲ ကြောက်နေတာ…အကယ်၍ အပြီးတိုင်စွန့်လွှတ်ရတော့မယ်ဆိုရင်တောင် ကျွန်မ ဘယ်သောအခါမှ မဆုံစည်းနိုင်မဲ့ စွန့်လွှတ်ခြင်းမျိုးနဲ့ စွန့်လွှတ်ချင်တာ…"

ကာက မျက်နှာကို တစ်ဖက်လှည့်ထားရင်း မောလာလို့ထင်ပါတယ် စကားပြောတာကို ခဏရပ်လိုက်သည်။ အနည်းငယ်တုန်နေတဲ့ ခန္ဓာကိုယ်ကြောင့် ကာ ငိုနေတယ်ဆိုတာကို ရှင်းသိနေကာ ရှင်းကတော့ ကာ့လက်လေးကို ဆုပ်ကိုင်ထားပေးယုံကလွဲပြီး ဒီထက်နွေးထွေးသော အပြုအမူမျိုးကို ပြသခြင်း မပြုခဲ့…။

"နောက်ဆုံးထိ အဲ့အမျိုးသားကိုပဲ အစ်မ ရွေးချယ်မယ်ပေါ့နော်…"

တိတ်ဆိတ်နေတဲ့ အခန်းထဲတွင် ကာ့အသံက ထပ်ထွက်လာသည်။ ရှင်းက ကာမေးတာကိုမဖြေပဲ ကာ့လက်လေးကိုဆုပ်ကိုင်ထားဆဲ…

"ကျွန်မ မေးတာလေးကိုဖြေပေးလို့ရနိုင်မလား အစ်မ…နောက်ဆုံးအချိန်ထိ အဲ့အမျိုးသားကိုပဲ အစ်မရွေးချယ်မှာလားဟင်"

မဖြေပဲနေလို့ရမည့် မေးခွန်းမဟုတ်တာ သေချာနေတာကြောင့် ရှင်း ဆုံးဖြတ်ထားတဲ့ အဖြေတစ်ခုကို မပြောချင်ပေမဲ့လဲ ပြောရတော့မည်ဆိုတာကို သိလိုက်သည်။

"တို့ ပြောပြီးသား စကားတွေကို ထပ်ပြောမှရမှာလား ကာ…သူ မကြာခင်မှာ operationခန်းဝင်ရတော့မှာ အဲ့လိုအခြေအနေနဲ့ သူ့ကိုတို့ မစွန့်လွှတ်နိုင်လို့ပါ…သူ့မိဘတွေကလည်း နောက်အပတ်လောက်မှ ရောက်မယ်ဆိုတော့ ဒီကြားထဲမှာ သူတစ်ယောက်တည်းနဲ့ ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်တာကို တို့သိနေတယ် ကာ…အဲ့တော့ သူ့အနားမှာ…"

"ကာ ကရောဟင်…ကာ့ဘက်ကိုရော နည်းနည်းလေးလောက် ကြည့်ပေးလို့မရဘူးလား အစ်မရယ်"

ချစ်သူသက်တမ်းတစ်လျှောက်လုံး ကာလို့ ပြောပါဆိုတာကို တစ်ခါမှ မပြောတဲ့သူက အခုတော့ ကိုယ့်ကိုယ်ကို ကာလို့သုံးနှုန်းနေလေသည်။ ကာပြောတဲ့ စကားကြောင့် ရှင်းရင်ထဲမှာ ဆုံးဖြတ်ချက်တွေကို ပြောင်းလိုက်ချင်ပေမဲ့ အခြေအနေတွေက ပြောင်းလို့မှ မရနိုင်တာ…ကာရယ် တို့ကို ခွင့်မလွှတ်ပါနဲ့ဆိုတဲ့ စကားသံတွေကတော့ ရင်ထဲအပြည့်…

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now