အပိုင်း (၂)

Start from the beginning
                                    

လင်္ကာဖြစ်သွားတဲ့ပုံက အခုလို အလှတွေနဲ့ ပြည့်စုံနေတဲ့ သဘာဝ ပတ်ဝန်းကျင်အောက်မှာပဲ အစ်မရဲ့ လှပလွန်းတဲ့ မျက်နှာလေးကို မြင်လိုက်ရတော့ အရာရာက ရပ်တန့်သွားပြီး အစ်မအလှတွေအောက်၌သာ စူးစူးစိုက်စိုက်ယစ်မူးနေတာမျိုးပေါ့...

"ဟေ့...ကလေးမ"

အစ်မရဲ့ နောက်တစ်ကြိမ် ခေါ်သံကြားတော့မှ အစ်မအလှတွေကြား ယစ်မူးနေတဲ့ ကိုယ်က အသိပြန်ဝင်လာပြီး ရှက်မိကာ မျက်နှာကြီးကို အစွမ်းကုန် အောက်ကိုငုံ့ထားလိုက်၍...

"ပန်းလေးတွေ လှလို့လေ အစ်မ...ကျွန်မ စိတ်ဝင်စားတဲ့ အရာဆိုရင်အဲ့လိုပဲ နစ်မြောမိတတ်လို့ပါ"

"ဟုတ်လား...တို့က အရှေ့တော်တော်တောင် ရောက်နေပြီ ကိုယ့်အာရုံနဲ့ ကိုယ်လျှောက်နေတော့ ကာကျန်ခဲ့တာ မသိလိုက်ဘူးလေ...အဲ့တာကြောင့်ပါ...ပြီးတော့ ဟိုဘက်ကုန်းနားလေးမှာ အိမ်လေးတစ်အိမ်ရှိတယ်...အဲ့အိမ်လေးမြင်ရင် မင်းပိုပြီးတောင် စိတ်ဝင်စားသွားအုံးမယ်...ဒါနဲ့ ကာလို့ မပြောဘူးလား"

"ဟုတ်ကဲ့ အစ်မ ကျွန်မ ကာလို့ မသုံးတတ်လို့ပါ"

"ဟုတ်ပါပြီ ဒါလည်း မဆိုးပါဘူး ကျွန်မနဲ့ အစ်မပေါ့"

အစ်မကတော့ ဘယ်လို အဓိပ္ပာယ်နဲ့ပြောလိုက်လဲ မသိပေမဲ့ အစ်မ ပြောလိုက်တဲ့ စကားကြောင့် လင်္ကာ့ရင်ထဲမှာတော့ ဗလောင်ဆူနေပြီ။ လင်္ကာ အဖြေရှာမရသေးတဲ့ ငါဘာဖြစ်နေတာလဲ ဆိုသည့် စကားဟာလည်း အခုထက်ထိကိုရင်ထဲမှာ ပဲ့တင်နေပြန်၏။

"အော် ဒါနဲ့ တို့ကို ကာ့ဖုန်းနဲ့ ဓာတ်ပုံမရိုက်ပေးချင်ဘူးလား...ကာ့ဖုန်းထဲမှာ တို့ပုံရှိသွားရင် ခုနကလို တို့ကို အကြာကြီးစိုက်ကြည့်နေစရာမလိုတော့ဘူးလေ"

စလိုက်တာလား နောက်လိုက်တာလား မသိသည့် အစ်မရဲ့ စကားနောက်မှာ လင်္ကာ့ရင်တွေ ခုန်နေတာ လင်္ကာသာသိသည်။ပြီးတော့ ငါ အစ်မကို ကြည့်လိုက်မိတာ အဲ့လောက်တောင်များ သိသာသွားပြီလားတွေးကာ အတွေးတွေဖြင့်ပင် ရှက်လိုက်ရတာ...

"ဟိတ် ကာ ဓာတ်ပုံရိုက်ပေးလေ"

အစ်မရဲ့ ဒုတိယအသံကြောင့် လကာင်္က မြေနီလမ်းလေးအား နောက်ခံထားလျက်ပင် အမကို ဓာတ်ပုံရိုက်ပေးလိုက်လေသည်။ လင်္ကာ စိတ်ကူးထားတာက တစ်ပုံနှစ်ပုံလောက်သာ ရိုက်ဖို့ပါ ဒါပေမဲ့ ပုံရိုက်လိုက်တဲ့ အချိန်မှာ အစ်မရဲ့ ပိုစ့်ပေးနေတဲ့ ပုံလေးကို အရမ်းသဘောကျတာကြောင့် တစ်ခါတည်း ပိုစ့်တစ်မျိုးတည်းကိုပင် ၁၀ပုံလောက် ရိုက်မိသွား၏။ အစ်မကတော့ လင်္ကာရိုက်ပေးတဲ့ ပုံကို ကြည့်တောင်မကြည့်ဘဲ သိမ်းထားနော် တစ်ခွန်းပြောပြီး လမ်းသာဆက်လျှောက်နေလေသည်။

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းWhere stories live. Discover now