"မနေ့က ထယ်ယောင်း အမူးလွန်ပြီး ကျတော့်....
ကျတော့်ကို"

"ဟင့်အင်း....မဟုတ်ဘူး မင်းလျှောက်ပြောမနေနဲ့
ဟိုဆော့.."

ထယ်ယောင်း က တော့ မနေ့ကဖြစ်ရပ်ကို အမှတ်မရမိတော့သဖြင့် ဟိုဆော့စကားကြောင့် သွေးလေခြောက်ခြားပြီး

"ဟိုဆော့.... မင်း ယုတ်မာလိုက်တာ မင်း လုပ်ကြံပြီးလျှောက်ပြောမနေနဲ့"

ကျတော် ဟာ စိတ်ဆတ်တတ်တဲ့သူတစ်ယောက်ဖြစိတဲ့အလျောက် ပေါက်ကွဲမှုတွေ ဒေါသတွေဟာ ထိန်းမရတဲ့ အဆုံး ဟိုဆော့ကို ခပ်ကြမ်းကြမ်း တွန်းမိသွားသည်

"ဟဲ့....ဟိုဆော့ ကို ဘာလုပ်တာလဲ ထယ်ယောင်း..."

ရုတ်တရက် ကျတော့် ပါးပြင်ပေါ်သို့ ခပ်ပြင်းပြင်းရိုက်ချက်တစ်ခု ကျရောက်သွားလေ၏

"မေမေ...သားကို.... ရိုက်လိုက်တယ်"

ကျတော့်ကို ရိုက်ဖို့တောင်မပြောနဲ့ အရင်ကဆို
ခပ်ကြမ်းကြမ်းစကားလုံးတွေတောင်သုံးပြီး
မဆူဘူးတဲ့ မေမေဟာ အခုတော့ ဟိုဆော့ကြောင့်နဲ့ကျတော့်ကို ရိုက်ခဲ့တယ်တဲ့လေ

ထယ်ယောင်း ကတော့ မယုံနိုင်သော မျက်၀န်းအစုံဖြင့် သူ့ အမေ ကို ငေးကြည့်နေခဲ့တယ်

"နင့်လို သားမျိုးမွေးထားရတာ ငါရှက်တယ်ဟဲ့
နင်ကလူမဆန်တဲ့ကောင် ...ကိုယ် ကျူးလွန်ထားတဲ့အပြစ်ကိုတောင် ရှောင်လွဲချင်တဲ့ကောင်
ကိုယ် နှိပ်စက်ထားတဲ့သူက အမှန်ပြောလို့
နင်က အရှိုက်ထိသွားပြီး လက်ပါတယ်
ဟုတ်လား ဟမ်!!!"

"မေမေ...သားပြောတာ နားထောင်ပါအုံး"

"ပြီးရင် နှစ်ယောက်လုံး အောက်ဆင်းခဲ့ကြ"

"မေမေ...."

မေမေကတော့ ကျတော်ပြောတာကိုအရေးစိုက်
ဖို့မပြောနှင့် သူ့ဘာသူပြောချင်တာပြောပြီး
အိမ်အောက်သို့ဆင်းသွားလေ၏

ဘေးနားကဟိုဆော့ကို အကဲခတ်ကြည့်မိတော့ သူလည်း
ကျတော့်လိုပင် မှိုင်တွေတွေဖြစ်နေတာကို
သတိထားမိလိုက်သည်

"ဟိုဆော့....ငါ...ငါ မင်းကို တကယ်ကျူးလွန်မိသွားတာလား"

ထိုအခါ ဟိုဆော့က ခြောက်ကပ်ကပ်ရယ်ရင်း-

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now