"မေမေ...သား မလုပ်.."

ထို့အပြင် သူ့အပေါ်ပိုင်းတစ်ခုလုံးမှာလည်း အနီကွက်ရာများ က မြင်မကောင်းအောင် ပွစံကြဲနေလေ၏

"သားမလုပ်ဘူး....ဟင့်အင်း အဲ့တာ သားမလုပ်ဘူး မေမေ"

"မင်း မလုပ်လို့ ဘယ်သူလုပ်သွားတာလဲ
နင်တို့ နှစ်ယောက်တည်းရှိနေကြတယ်မလား
ဟမ်!! ငါ့ကို လိမ်ဖို့မကြိုးစားနဲ့ ထယ်ယောင်း"

ကျတော် နဲ့ မေမေ တို့ ရန်ဖြစ်ပြီး ဆူညံနေကြသော်ငြား ဘေးနားကတစ်ယောက် က နှိုးလာဖို့
မပြောနှင့် တုပ်တုပ်မျှပင် မလှုပ်သောကြောင့်-

"ဟေ့ကောင်....ဟိုဆော့... ထစမ်း ဟေ့ကောင်"

"ဟင်.."

ကျတော် သူ့ခန္ဓာကိုယ် ကို ခပ်ကြမ်းကြမ်း ဆွဲရမ်းကာ နှိုးတော့-

"အင်း..."

ဟိုဆော့လည်း မေမေ့ကို မြင်ပြီး လန့်သွားပုံရ၏

"အန်....အန်တီဆူး"

"ထယ်ယောင်း....ငါတော့ မင်းကို အတော်စိတ်ပျက်သွားပြီ"

"မေမေရယ်....မဟုတ်ရပါဘူး"

"ဘာ မဟုတ်ရတာလဲ ဒါဆို ဟိုဆော့ ကို ငါမေးကြည့်ရမလားပြော
သား....ဟိုဆော့"

ဟိုဆော့ကကြောက်လန့်စွာ အသံတုန်တုန်ရီဖြင့်

"ဗျာ..."

"မနေ့က...သား ထယ်ယောင်းနဲ့ လွန်ခဲ့ကြတယ်မလား"

"ဟိုဆော့...မဟုတ်ဘူးနော်...ငါတို့ မနေ့ညက ဘာမှမဖြစ်ခဲ့ဘူးမလား
ဟင်...ဟုတ်တယ်မလားလို့"

သို့သော် ဟိုဆော့ က ကျတော်ပြောတာကို အရေး
မစိုက်ပဲ မျက်နှာခေါင်းကိုသာ ငုံ့ထားသဖြင့်-

"ဟေ့ကောင်... ငါပြေတာဖြေအုံးလေကွာ"

"ဟုတ်တယ်...."

"ဘာ..."

"ကျတော်တို့ မနေ့က လွန်ခဲ့ကြပါတယ် "

"ငါ မင်းကို သိပ်စိတ်ပျက်မိတယ် ထယ်ယောင်း.."

"မေမေ...အဲ့ဒီလို မဟုတ်..."

"ဘာဖြစ်လို့ ဒီလိုတွေဖြစ်သွားခဲ့ရတာလဲ
ဟိုဆော့ .. အန်တီ့ကို ရှင်းပြနိုင်မလား"

𝑩𝒆𝒂𝒖𝒕𝒊𝒇𝒖𝒍𝒍𝒚 𝑰𝒍𝒍𝒖𝒔𝒕𝒓𝒂𝒕𝒆𝒅 : 𝑴𝒆 𝒂𝒏𝒅 𝑯𝒆 ( COMPLETE )Where stories live. Discover now