19

3.2K 467 47
                                    

"Zeki .. wine တစ်ပုလင်းလောက် ဟိုဝိုင်းကိုချပေးလိုက်ပါဦး ငါအပေါ့သွားချင်နေပြီ"

ခဏနားနေတဲ့ သူမအနားကိုပြေးလာပြီး ပြောသွားတဲ့ Reno ကြောင့် Seulgi အမြန်ထပြီး ဝိုင်တစ်ပုလင်းကိုယူကာ သူညွှန်ပြသွားသည့်ဝိုင်းသို့သွားချပေးလိုက်သည်။

"သုံးဆောင်ပါဦး လူကြီးမင်းတို့"

အပြုံးချိုချိုနဲ့ Seulgi ကို စားသုံးသူများက ကျေးဇူးတင်စကားပြန်ပြောသည်။

"ကျေးဇူး ငါတို့ဒီည ဟင်းပွဲနောက်တစ်ခုသိရပြီနော် Zeki နင်မပျော်ဘူးလား ဟီဟိ"

Reno ဟု ခေါ်ကြသည့် ထိုမိန်းကလေးသည် အသားဖြူဖြူ ပါးဖောင်းဖောင်းနှင့် ချစ်စရာကောင်းလွန်းသည်။ အရပ်လဲရှည်တာမို့ ချောသည့်မိန်းကလေးထဲတွင်ပါသည်။

"ပျော်တာပေါ့ ဒီအတွက်ပဲ ဒီဆိုင်မှာကပ်တွယ်နေရတာပဲကို"

စပိန်စားသောက်ဆိုင်တစ်ခုတွင် အလုပ်လုပ်နေသည်မှာ ခြောက်လခန့်ကြာမြင့်ပြီဖြစ်သည်။ သူမနဲ့ Reno က အလုပ်စဝင်တည်းက အတူတူပင်။ အနှိမ်ခံရတော့လည်း အတူတူ။ ပန်းကန်ဆေးကူ ပစ္စည်းသိမ်းကူအဆင့်ကနေတက်ဖို့ နှစ်ယောက်လုံး စိတ်ရှည်ရှည်ဖြင့်သည်းခံနိုင်ခဲ့သည်။ Reno က တရုတ်ကနေ လာတဲ့မိန်းကလေးဖြစ်ပေမယ့် တရုတ်အစစ်တော့မဟုတ်။ သူ့အမေကတရုတ်ဖြစ်ပြီး အဖေကတော့ စပိန်လူမျိုးဖြစ်သည်။ အိမ်ကသဘောမတူကြလို့ သူ့မိဘတွေက ခိုးပြေးခဲ့ကြပေမယ့် အဖေက ဆုံးသွားခဲ့သည်ဟုဆိုသည်။ ထိုအခါ သူ့အမေက တရုတ်မှာပဲပြန်နေဖို့ သူမကိုပါခေါ်သွားသော်ငြား Reno က ကြာကြာမနေနိုင်။ အဖေ့သွေးပိုပါသည့်သူက တရုတ်တွေရဲ့ မိသားစုထုံးတမ်းစဉ်လာတွေကိုမကြိုက်။ စားဖိုမှုးတစ်ယောက် သို့မဟုတ်လည်း ဟင်းတွေ အစားအသောက်တွေလုပ်တတ်သည့်သူတစ်ယောက်ဖြစ်ချင်သည့် Reno နှင့် Seulgi က ဒီဆိုင်လေးမှာ ရေစက်ဆုံသည်ဟုဆိုရမည်။

စပိန်လူမျိုးအဘွားကြီးဦးစီးသည့် ဤဆိုင်တွင် နိုင်ငံပေါင်းစုံအစားအသောက်များနှင့် ဝိုင်ပေါင်းစုံရသည်။ အသားများအား ကျွမ်းကျင်စွာလှီးနေသည့် မီးဖိုဆောင်မှ chef များကို ငေးမောရသည်မှာ Reno နှင့် Seulgi အတွက်တော့ အလုပ်တစ်ခုလိုပင်။

Cactus Where stories live. Discover now